တိတ်တဆိတ်ပါပဲ....
ခုတ်မောင်းနေတဲ့ လောကကြီးမှာ စက္ကန့်နဲ့အမျှ (ခပ်မြန်မြန်တိုင်းတာလို့ရတဲ့ အသေးဆုံး အစိတ်အပိုင်း) ပြောင်းလဲ ဖြစ်ပျက်နေတယ်....
သိနေလဲ ဖာသိဖာသာနေရင်း ကြောက်လန့်မှုကို သိုဝှက်ထားမိတုန်း....
အမှားနဲ့ အမှန်ကြားက သတိနဲ့ သန္တန်.......
တွေးခေါ်မှုတွေက ဖောဖောသီသီ................ ရလာတဲ့ အသိတွေက ဝေဝေဆာဆာ......... လက်တွေ့ ကျင့်ကြံမှုက ခပ်ခွာခွာ............
မကောင်းမှန်းသိပေမယ့် သင်ပေးလိုက်တဲ့ တွေးခေါ်မှုနဲ့ ဆင်ခြေတုံတရားကြားက မုသားပါးပါးလေးမှာ အမှတ်တမဲ့ သို့တည်းမဟုတ် တမင်သက်သက် ခိုဝင်စားသုံး...........
ကိုယ့်ကိုယ်ကို ကိုယ်ပိုင် ဒါမှမဟုတ် အငှား စံနှုန်းတွေနဲ့တိုင်းတာရင်း ကိုယ်မှန်တယ်ထင်ရာကို တန်းတန်းမတ် သွားကြ........
ရယ်သံနောက်ကွယ်က အငိုမျက်လုံးတွေ.......... ဆန္ဒနဲ့ လက်တွေ့............ ကွာဟမှုကို သေးနိုင်သမျှ ဆွဲချုန့်ရင်း ရင့်ကျက်တဲ့ရင်မှာ အတ္တသီးလေးတွေက တွဲလွဲခို..................
ပေးဆပ်တယ်ဆိုပေမယ့် တွက်တတ်လွန်းစွာပဲ ပမာဏတစ်ခုထိသာ စိတ်ကို ဆွဲဆန့်ရင်း ပြန်မရရင် စိတ်က ဒဏ်ရာလေးတွေ သယ်သယ်သွားတတ်လွန်း.............
အင်း........ ကြီးမြတ်တာကို လူမသိချင်နေဆိုပေမယ့် တစ်စုံတစ်ယောက်ဆီက မျက်ဝန်း တစ်စုံတစ်ရာကို မျှော်နေတတ်ပြန်ရော.............. ဘယ်လောက်ပြုံးပြုံး နင့်နေတဲ့ ရင်ကို ထမ်းရင်း ကြီးမြတ်တဲ့ စိတ်ကို အားမလိုအားမရနဲ့ သံသယက ထားတတ်သေး...............
ဆင်ခြေမပေးပါနဲ့လို့ တစ်ဘက်သားကို တားမြစ်ရင်း သုံးခဲ့တဲ့ ဆင်ခြေတွေက အသင်္ချေ...........
တစ်ခုချင်း ထောက်နေရမယ်ဆိုရင် စာမျက်နှာတွေသာ ပွထသွားနိုင်တယ်.....
အထင်ရှားဆုံးက ကျေးဇူးတရား၊ သိတတ်မှုနဲ့ ကိုယ်ပိုင် အတ္တ............
မိဘကျေးဇူးကို ငါဆပ်မယ်ဆိုရင်း ရုန်းကန်ဖွေရှာပေးဆပ်ရင်း ပေးဆပ်မှုတွေက ကိုယ့်နောက်မှာရောက်မှန်းမသိ ရောက်.....
နေ့တိုင်း ဖုန်းမဆက်ဘူးနော်အမေ.. အဖေ.. ပြောစရာစကားတွေက နေ့တိုင်းမှ မရှိတာ... ကျန်းမာရေးကို ဂရုစိုက်ကြ... ပျော်ပျော်နေ... တစ်လတစ်ခါ ပြောဖြစ်တဲ့စကား...
တစ်လမှတစ်ခါ.............. နေ့တိုင်း ပြောဖြစ်စရာ စကား မရှိဘူးတဲ့.............
ပြန်စဉ်းစားမိပါ့.............. အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ နေ့တိုင်း နီးပါးတွေ့ပီး ပြောနေတာ စကားက ကုန်မသွားပါလား.............
း)
ပါးပါးလေးပဲ ပြုံးမိပါတယ်... ရှက်သွားတဲ့စိတ်ကို ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ဆင်ခြေနောက်မှာ ပြေးပုန်းခိုင်းလိုက်တော့ ဘာမှ မဖြစ်တော့သလို နေသားကျသွားတယ်...။
လူမှုဆက်ဆံရေးမှာ မိဘက ဘာလို့ မပါတာလဲ?...................... နောက်မှ ဆွေးနွေးကြပါစေ....
ဘယ်မှာ ဘယ်လိုပဲ ယှဉ်ယှဉ် ကိုယ့်ဒုက္ခက ပိုကြီးနေသယောင် ထင်တတ်သေး............
ကုန်ကုန်ပြောရင် ဘုရားဟောတဲ့ တရားကိုတောင် လက်တလုံးခြားလေး လုပ်တတ်လွန်းတယ်....
အရက်သေစာ မသောက်ပါနဲ့ တားမြစ်တယ်... ဘုရားရှင်က
ကျွန်တော်တို့က ဆင်ခြေလေးနဲ့ လှည့်တယ်... သောက်တတ်ရင်ဆေး မသောက်တတ်ရင်ဘေးတဲ့....
အရက်သေစာမှာ ဆေးလိပ်မပါ၊ ကွမ်းယာမပါဆိုပီး သိသိနဲ့ လိမ်ချင်သေး.....
ဒါပေမယ့် တရားကို သိနေတဲ့သူတွေချည်း................
အသိနဲ့ အတ္တကြားမှာ ခန္ဓာကို မှီတွယ်ရင်း မိုက်တွင်းနက်လို့ လွတ်လမ်းကို မျှော်တတ်တယ်....
အပြောလွယ်သလောက် လက်တွေ့ လုပ်ရခက်တယ်တဲ့.............
အဲဒီတော့ ပေးနေကြ ဆင်ခြေပါးပါးလေးတွေနဲ့ မုသားမပါ လင်္ကာမချော.......... ဖြစ်ကတတ်ဆန်းဘဝကို နည်းနည်းပါးပါး ကောက်ကက်စီပီး ရင်ကော့ အလှံထူနေတာ.............
နောက်ဆုံး တော့ လူပဲလေဆိုပီး တင်ထားသမျှ စံနှုန်းလေးတွေကို ကိုယ်နဲ့ ကိုက်အောင် ပြန်ညှိရင်း နေ့တစ်နေ့ဟာ အရင်လိုပဲ ပဉ္စလက်ဆန်နေတုန်း.................... အင်းပေါ့လေ ကိုယ့်အတွက် ကြေးစည်သံကို ကိုယ်မှ မကြားနိုင်တာ.......
ကိုကြီးလင်းညို တဂ်လိုက်တော့ အလန့်တကြားနဲ့ ခေါင်းထဲက ကစင့်ကလျား ခုန်ပေါက်ထွက်ကျလာတာလေးတွေပါ (ဒါလဲ ဆင်ခြေပါးပါးလေးပေါ့).....။ ကျွန်တော့ဘဝမှာ ထိပ်ဆုံး အတဂ်ခံရဖူးတာဆိုတော့ မျက်စိကိုလည်ထွက်နေတာ....။
ဖတ်ရတာ အဆင်မပြေရင် အဆင်ပြေသလိုလေး ဖတ်သွားပေးကြပါလို့.................
လေးစားစွာဖြင့်
စိုင်းစိုင်းမွန်း
ဧည့်ခန်း
အိမ်လိပ်စာ
team.cherrydream@gmail.com
Monday, March 29, 2010
Subscribe to:
Post Comments (Atom)
အညွှန်း
- ရိုက်ဖြစ်သမျှ (9)
- ကဗျာ (49)
- စိတ်ခံစားမှု (12)
- ကြုံဖူးတဲ့ အဖြစ်တွေရယ် (2)
- အတွေးအမြင် (13)
3 comments:
စိုင်းစိုင်းမွန်းရေ.....
ဒီပို့စ်လေးက.... ထူးထူးခြားခြားလေးပဲဖတ်ရတာ....။
ဖတ်ရင်းနဲ့ ရစ်သမ်တွေကြားလာရသလိုပဲ....။
တစ်ကယ့်တွေးစရာလေးတွေအများကြီးပါတယ်...။
“လူမှုဆက်ဆံရေးမှာတော့ မိဘမပါတာမဖြစ်နိုင်ဘူးလို့ထင်မိတယ်“....။
ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုဆို ဖေဖေနဲ့ ဖုန်းပြောတိုင်း ပြောစရာတွေမကုန်ဘူး...။ ဖေဖေ လဖက်ရည်ဆိုင်တွေမထိုင်တော့ဘူးလား...။ မေမေက ဘာဟင်းတွေချက်ကျွေးလည်းနဲ့... စ,တာကိုး...။ မေမေ့ကိုဆိုရင်လည်း... ဘာဟင်းချက်လည်း... သားလည်းဒီဟင်းတွေချက်တယ်...။ ပြန်လာရင်ချက်ကျွေးမယ်...။ သားလက်ရာစားကြည့်ရင် ဆွေမျိုးမေ့သွားမယ်...။ အလုပ်မလုပ်တော့ဘူး... အိမ်မှာပဲ ထမင်းချက်ဟင်းချက်လုပ်တော့မယ်...။ မေမေလခပေးဆိုတာတွေနဲ့လေ...။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက်မမြင်ရတာကြာလာလို့များ ပြောစရာစကားရှားသွားတာလားလို့လည်းတွေးမိတယ်...။ ဘာပဲဖြစ်ဖြစ်...
တစ်ခါတစ်လေ မိဘနဲ့ သားသမီးတွေရဲ့ဆက်ဆံရေးမှာ နံရံပါးပါးလေးတစ်ချပ်ခြားနေတယ်လို့ခံစားမိရင် သားသမီးဖက်က စပြီးဖောက်ထွက်ပစ်လိုက်ရင် ပျော်စရာပါပဲဗျာ......။
အစ်ကို့အတွေ့အကြုံလေးပါ....။
ရေးပေးတာကို ကျေးဇူးတင်တယ်....တစ်ကယ်....။
ခင်မင်တဲ့
ဏီလင်းညို
ဟုတ် ကိုလင်းညိုရေ............. အခုမှ ပြန်ဖြစ်တယ် ကိုလင်းညိုကွန်မန့်ကို............
ကျွန်တော်ပြောတဲ့ လူမှုရေးဆိုတာ ငယ်ကတည်းကနေ ကြီးတဲ့ အထိ လုပ်နေတဲ့ ကိစ္စလေးတွေပါ.............
မိဘနဲ့ အတူနေစဉ်ကတည်းကိုက အိမ်မှာ မိဘတွေရဲ့ လူမှုရေးတွေမှာ တစ်တပ်တစ်အား ကျွန်တော်တို့ ပါဝင်ခဲ့တယ်ဆိုတာ သိပ်မရှိသလောက်ရှားသလားလို့ပါ..........
ကိုယ့်အပေါင်းအသင်းတွေနဲ့ ပေါင်းဖက်ပျော်မွေ့ချိန်နဲ့ မိဘနဲ့ ထမင်းလက်စုံစား စကားဖောင်နေအောင် ပြောတဲ့ အချိန်လေးတွေ ပြန်ယှဉ်ကြည့်ရင် အင်မတန် ကွာတာကို တွေ့မှာပါ.........
ပြင်ပမှာ လူမှုရေးတွေလုပ်ရင် ဘယ်သူမှ မခိုင်းရပဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တက်တက်ကြွကြွလုပ်တတ်ပေမယ့် မိဘတွေလိုအပ်တဲ့အခါ ရာနှုန်းပြည့် ဆင်ခြေမပါတမ်း ချက်ချင်း လုပ်ပေးခဲ့တယ်ဆိုတာ ရှားပါလိမ့်မယ်...း)
လက်ရှိ အဝေးရောက်လာတော့မှ ကျွန်တော်တို့ စိတ်လိုလက်ရလေးတွေ ပြောဖြစ်လာတယ်........ ပြန်ရောက်သွားပီး မိဘတွေနဲ့ အတူ ပြန်နေရမယ်ဆိုရင် အခု အင်တာနက်က စကားဝိုင်းမျိုးလေးတွေ ကျွန်တော်တို့ ဖန်တီးနိုင်ပါဦးမလား......... အဲဒါလေး တွေးမိလို့ပါ........
ဒီနေ့အထိ အဖေနဲ့ အမေနဲ့ကို ဖုန်းပေါ်က စကားပြောရတိုင်း ကျွန်တော် ပြောလို့ မဝဘူး.............. အဲ ထွေထွေထူးထူး ပြောစရာလဲ မရှိဘူး......... အဲသလို ကိုလင်းညိုရ.......
နောက်ပီး အိမ်နဲ့ ကျွန်တော် အဆက်အသွယ် ပြတ်တယ်ဆိုတာ မရှိသလောက်ပါပဲ...........း)
အခု ကိုယ်ဘယ်လောက် အိမ်ကို နောက်ပို့ပီး တစ်ခြားဟာတွေကို ရှေ့တန်းတင်နေမိလဲဆိုတာကို တွေးမိလို့ ရေးလိုက်တာပါ....း)
ကျေးဇူးနော် ကိုလင်းညိုရေ....
အတွေးကောင်းအရေးကောင်းပါပဲ...။
အက်ဆေးလေးတွေ ရေးတဲ့ဘက်ကို အားစိုက်ရင် စာကောင်းလေးတွေ ဖတ်ရမယ် ထင်မိတယ်။
Post a Comment