Thursday, March 18, 2010

ဒွိဟ

စိတ်တွေနောက်ကျိနေတယ်....
တင်းထားရင်လဲ ပြတ်မှာစိုးတဲ့စိတ်နဲ့ မျက်စိမှိတ် နားပိတ် နေခဲ့ရတာ အကြိမ်တွေ ရေတွက်လို့မရ....
ချစ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ ခပ်ဖွဖွကျိမ်ဆဲရင်း လေးလွန်းတဲ့ရင်ကို ထမ်းထမ်းပီး ငါ့နေ့တွေ ဆက်နေရတယ်...
ကံကြမ္မာအလှည့်ပြောင်းလေးတစ်
ခုမှာ စေ့ထားတဲ့တံခါလေးဟသွားလို့ အတွင်းကို တစ်စွန်းတစ်စ မြင်ခွင့်ရလိုက်တယ်...
မယုံကြည်နိုင်စရာကောင်းအောင် အတ္တတွေက ဘဝကို အဖန်ဖန် မျက်လှည့်ပြ.........
အမှန်တစ်ရားနှစ်ခုကြားမှာ ပါးပါးလေး လက်တစ်လုံးခြားလှည့်နေတာ.....
ငါ ဆိုတဲ့ တံတိုင်းကိုတော့ ကျော်ဖို့ ခက်ကြတယ်မလား....။
တံတိုင်းနောက်က နှလုံးသားတစ်ခုကို ထုတ်ကြည့်ချင်တဲ့ ငါကပဲ မှားနေတာပါ....။
ပတ်သက်မှု အတိုင်းတာတစ်ခုကို စည်းချက်ကျကျ ထိန်းထားဖို့လိုတယ်ဆိုတာ သိလာချိန်မှာ ငါမမှားတဲ့ ငါ့ အမှားတွေတွက် ငါ့ကို စွဲချက်တင်ပီးနေပီ....။
ထိရှတာချင်းတူတူ သူက ပိုနာတတ်နေတော့ ဟင်းလင်းပြင်တစ်ခုလို ငါခေါင်းငုံ့ပေးလိုက်တယ်.....
ပေးဆပ်မှုမှာ မျှော်လင့်ချက်လေး ကပ်ပါနေမိတာ ငါ့ရဲ့ ကြီးကျယ်သော ဆုံးရှုံးမှုပေါ့.....
မျက်ရည်ပူတွေ ဝေ့ဝဲတက်နေတဲ့ ဒီမျက်လုံးတွေနဲ့ပဲ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားကို ငါ ပါးပါးလေး တိုးဝင်ရင်း မပြည့်သောဆုတွေ တောင်းမိတုန်း....
ဆိုင်တယ်ထင်တော့ တောင့်တတယ်.. ပိုင်တယ်ထင်တော့ ကြောင့်ကျတယ်တဲ့....
ကြားဖူးတဲ့ တရား အဆုံးမစကားတွေ.....
နားထဲမှာ ရိုက်ခတ် ပဲ့တင်ပြန်လဲ ငါက ခေါင်းမာလွန်းစွာ ဆုပ်ကိုင်ထားနေဆဲ.....
ဟူး......................
သိမ်မွေ့နက်ရှိုင်းလွန်းတဲ့ သံယောဇဉ်ပုစ္ဆာထဲမှာ မျက်စိတ်မှိတ် နားပိတ်တတ်ဖို့ ကျင့်ရမှာလား.....
ဥပေက္ခာနဲ့ လစ်လျူရှုတာ ဘာကွာလဲ.....
ဟူး.........................
သက်ပြင်းမောတွေ အခါခါချရင်း အရာရာကို ရင်ထဲ ထည့်လွန်းတဲ့ငါ့ကိုငါ အခုထိ အားမရဘူး..........
ကောင်းတတ်လွန်းတဲ့ စိတ်ကို ခုထိ နားမလည်ဘူး...........
စာနာလွန်းတာလဲ မှားတာပဲလား.............
အခုထိ ငါရခဲ့တဲ့ ဒဏ်ရာတွေဟာ စာနာမှု၊ ကိုယ်ချင်းစာမှု၊ ပေးဆပ်မှု၊ တာဝန်သိတတ်မှု၊ စေတနာထားမှု၊ မေတ္တာသက်ဝင်မှုကနေ ဖြစ်ဖြစ်နေတာ အံ့အားသင့် ရင်နာနေတုန်း....
ပင်ပန်းလွန်းပေမယ့် ငါ့ခံယူချက်ကတော့ ယိုင်လဲ မသွားမှာ သေချာနေပြန်တယ်.............
ရင်ကို စုံကန် ထွက်သွားပေမယ့် နာကျင်ရင်း မေတ္တာမပျက်တတ်နေတာ ရှေးဘဝရဲ့ အတိတ်ကံကြောင့်လေလား....

2 comments:

ဏီလင်းညို said...

စိုင်စိုင်းမွန်းရေ.....
ထပ်တူဖြစ်အောင်ခံစားဖတ်သွားမိပါတယ်......။
ကျွန်တော်ထင်မိတာလေးတစ်ခုပြောခဲ့မယ်နော်....။
မေတ္တာမပျက်နေတတ်တာက .... ခွင့်လွှတ်စာနာ နားလည်ပေးတတ်တဲ့သဘောမို့ သာမန်ထက်တော့ မြင့်မြတ်မယ်ထင်တယ်လေ....။
နာကျင်စရာတွေလွန်မြောက်ခဲ့ရင် ပျော်စရာတွေတွေ့ရမယ်လေနော့....
ခင်မင်တဲ့
ဏီလင်းညို

K&S Elected said...

စိုင်းစိုင်းမွန်းရေ.....
ဒီည ကိုယ်အိပ်မပျော်နိုင်တော့မှာ သေချာတယ်.....
ခံစားချက်တွေမှာ ဘာကြောင့်ထပ်တူကြနေရတာလည်း....
ဖြူစင်တဲ့ဥယျာဉ်မှူးတို့ရဲ့ စွန့်လွှတ်ခဲ့ရတဲ့ညမို့ ဒီနေရာလေးကိုရောက်ခဲ့ပါတယ်.....
အားလုံးကို ခံစားအားပေးသွားပါတယ် .... ကိုယ်နဲ့ထပ်တူ နှလုံးသားလေးတွေ တွေ့ရလို့လည်း
ကိုယ်ချင်းစာ နားလည်ပါတယ်လို့ပဲ ... အားပေးပါရစေနော်...ပျော်ရွှင်ချမ်းမြေ့ပါစေ...

Post a Comment