Monday, January 3, 2011

ပျောက်ဆုံးခြင်း

နက္ခတ်တွေ အစီအရီ ပွင့်နေတဲ့ အမှောင်ကို ခြုံပြီး
သန်းကောင်ယံ ငိုက်မျည်း နေပုံက ရုပ်ပျက်ဆင်းပျက်
သက်ပြင်းငွေ့ အုံ့အုံ့ ဆိုင်းဆိုင်းပေါက်နေတဲ့ ငါ့အခန်းထဲမှာ
လက်က လွတ်သွားတဲ့ အိပ်စက်ခြင်းတွေရှိတယ်
သံပတ်ပေးထားတဲ့ နာရီအိုလို သတိရခြင်းတွေရှိတယ်
စကားလုံးတွေပေပွနေတဲ့ စာရွက်တွေရှိတယ်
ပစ္စလက္ခတ် ငိုနေတဲ့ ဂစ်တာအို တစ်လက် လည်းရှိတယ်....အဲသလို

စိတ်တိုင်းကျ ရူးနေတဲ့ မြို့ပျက်တစ်ခုလိုပဲ
ဝေးကွာခြင်းက
ဥသြသံရှည်ဆွဲပြီး ငါ့ကို ထုတ်ခြင်းခတ်သွားတဲ့အခါ
ခံနိုင်ရည် ပွင့်ထွက်....လွင့်စဉ်
ကိန်းကြီးခန်းကြီးနိုင်တဲ့ မျက်လုံးတွေ သေနေတာများ
နံရံပေါ်တစ်ချို့...မျက်နှာကြက်ပေါ်တစ်ချို့

ကူးလွေ့