Wednesday, April 7, 2010

ကချေသည်

တစ်ကယ်ကို မသိခဲ့တာပါ

ကကွက်တွေ သပ်သပ်ရပ်ရပ်
အနုစိတ်ထားတဲ့ လျှာဖျားပေါ်မှာ
ကိုယ့်ကို ကိုယ်ပြန်ရှာရတာ မောပေါ့

လေးလေးနက်နက် ပေါ့ပျက်ခဲ့
ပျားရည်တွေ စီးမျောလာပုံ ကိုက
မြွေတစ်ကောင် အဆိပ် ပါး ဝ သလို

မျိုခဲ့....သောက်ခဲ့
မျက်ရည်လည်ရွှဲလည်း ပျော်ရွှင်ခဲ့ဖူးရဲ့
အသားတင် မေ့လျော့ခြင်းအောက်မှာ
အရှက်ရ ဝမ်းနည်းခဲ့ရတဲ့ ဆန္ဒ အစုံစုံ

စနစ်တကျ အမှားတစ်ခုစီ ခင်းခဲ့
နှစ်သိမ့်တေး တစ်ချို့
လိုတိုင်း မရနိုင်တဲ့ အပြုံး တစ်ချို့
စကားခွံ တစ်ချို့
တစ်ချို့ ....တစ်ချို့
ဟောဒီ...နှုတ်ခမ်း အသေကောင်ပေါ်မှာပဲ
ကယောင်ခြောက်ခြား.....သေခဲ့တယ်။

ကူးလွေ့

2 comments:

~ဏီလင်းညို~ said...

ကူးလွေ့ရေ.......
“ပျားရည်တွေ စီးမျောလာပုံ ကိုက
မြွေတစ်ကောင် အဆိပ် ပါး ဝ သလို”....... တဲ့လား....။
ခံစားမိတယ်......။
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

ဒီကဗျာထဲက ကချေသည်ကို ကံကြမ္မာလို့ ဘာသာပြန်လိုက် ချင်တယ်။ မရည်ရွယ်တဲ့ အမှားတွေအတွက် နှစ်သိမ့်တေး တစ်ချို့တောင် ပြန်မရခဲ့ပါဘူးလေ။။

Post a Comment