Monday, April 12, 2010

ဧပရယ် သီချင်း

ပုရစ်ဖူးတွေ သီတဲ့မျက်စောင်းထက်ထက်နဲ့
ချို နွဲ့နွဲ့ လှရက်လွန်းတဲ့ နွေ

ကောင်းကင်ရဲ့ တေးသွားတေးသံများ မြူချော့ဖို့
ကနွဲ့ကလျ ကကွက် ကကြိုး ကကွက် နဲ့
အဝါရောင် ပဉ္စလက် တံတိုင်း ပေါ်မှာ
ရှိသမျှ အလှကို လှစ်ပြဖွင့်ထုတ်ထား ရင်း
နှုတ်ခမ်းလေး မဟ တဟ
ဧပရယ် ဟာ လှချင်တိုင်းလှလို့

လေပြေတွေ လွန့်လူး ဦးခိုက်တဲ့
ယစ်မူးဖွယ် တန်ခူး ထောင်ချောက်ထဲ
တိမ်းပါး ညွှတ်နူး မေ့လျော့ရင်း
နာကျင်ဖို့ အဆင်သင့် မဖြစ်လိုက်ခင်
ဆောင်းရွက်ကျန်တွေ အစဉ်အတိုင်း ကျိုးကြေ ရွာကျသွားလိုက်ရ ပုံက
ခြောက်ခြောက်ခြားခြား
တိုးလျ အေးစိမ့်စွာ ကွဲကြေ လွင့်ပါးသွား

ကူးလွေ့

12.04.2010
Monday,April

6 comments:

မြစ်ကျိုးအင်း said...

ယစ်မူးဖွယ်တန်ခူးထောင်ခြောက် တဲ့လား
သိပ်လှတဲ့ အဖွဲ့လေးပါပဲ။ အဲဒီထောင်ခြောက်ရဲ့ အဝေးမှာ
ရောက်နေရတာ ကြာပြီ။

မြစ်ကျိုးအင်း said...

မြန်မာနှစ်သစ်ကူးမှာ အေးချမ်းပျော်ရွှင်ပါစေဗျာ။

ကူးလွေ့ said...

ကျေးဇူးပါပဲဗျာ...။ ကျွန်တော်လည်း ကင်းကွာနေခဲ့တာ ဆယ်စု တစ်ခု နီးပါးပါပဲ။ခုလည်း ခပ်ဝေးဝေးမှာ...ရုန်းရင်း ကန်ရင်း...နဲ့။

sosegado said...

စကားလုံးအရွေးနှင့် ဖွဲ့ထားတာကောင်းလိုက်တာ၊
ကဗျာကို ခံစားသွားပါတယ်၊

sosegado said...

စကားလုံးအရွေးနှင့် ဖွဲ့ထားတာကောင်းလိုက်တာ၊
ကဗျာကို ခံစားသွားပါတယ်၊

ဏီလင်းညို said...

ကူးလွေ့ရေ.......
ကဗျာလေးကိုခံစားမိတယ်.......။
တစ်ကယ်တော့လည်း...... ဒီအချိန်ရောက်တိုင်း.... အဝေးရောက်မြန်မာတွေတိုင်.ခံစားမိကြရမဲ့ ဝေဒနာလေးတစ်ခုပဲလေ....။
(ကူးလွေ့ရော၊ စိုင်းမွန်းရော..... နောက်..ညီမလေးရော နှစ်သစ်မှာ အဆင်ပြေပျော်ရွှင်ကြပါစေခင်ဗျား....။ ကိုလင်းညို ဆုတောင်းပေးခဲ့တယ်......း))
ခင်မင်တဲ့
ဏီလင်းညို

Post a Comment