ပိတ်ထားတဲ့မျက်ခွံတွေက
ပြုံးတယ်။
မုတ်သုန် စိတ်ကူးတွေ တသုန်သုန် ခတ်ပြီး
ငတ်မွတ် ဖျားနာနေတဲ့ ကောင်ပါ
ထီးတစ်ချောင်းရဲ့ နောက်ကြောင်းပြန်လမ်းမပေါ်
တုန်တုန်ရီရီ အိပ်မောကျ
သူမရေ....!
ဟောဒီ လက်ထဲက ရက်စွဲဟာ
ကောင်းကင်ရဲ့ ဂီတနဲ့အတူ ပွင့်တယ်
ခု
စွတ်စို ခွင့် ဘယ်ဆီမှာလည်း....?
ယောင်ယမ်းသံ ဆူညံတဲ့ နေ့ပါ
ပိတ်ထားတဲ့ မျက်ခွံတွေကတော့
ပြုံးနေတယ်။
ကူးလွေ့
ဧည့်ခန်း
အိမ်လိပ်စာ
team.cherrydream@gmail.com
Tuesday, June 15, 2010
Subscribe to:
Post Comments (Atom)
အညွှန်း
- ရိုက်ဖြစ်သမျှ (9)
- ကဗျာ (49)
- စိတ်ခံစားမှု (12)
- ကြုံဖူးတဲ့ အဖြစ်တွေရယ် (2)
- အတွေးအမြင် (13)
5 comments:
တိမ် ဆို လို့ . . .
ပြီး တော့ ငို နေ တယ် ဆို လို့ . . .
အ ပြေး လာ ခဲ့ တယ် . . .း))
စကားလုံးလေးတွေ လှတယ်ဗျာ.....း)))
ခင်မင်တဲ့
နေ၀သန်
ကူးလွေ့ရေ...
ပိတ်ထားတဲ့ မျက်ခွံကပြုံးနေတယ်ဆိုတော့........မျက်လုံးကရော...ပြုံးနေဦးမှာလားသိချင်မိပါတယ်ဗျာ.........။
(ကဗျာလေးကောင်းတယ်.......)
ခင်မင်တဲ့
ဏီလင်းညို
အားပေးကြသူများ အားလုံး ကျေးဇူး ပါခင်ဗျာ။
ကိုဂျစ်တူးရေ...အခွင့်ရရင် ဆုံချင်ပါတယ်ဗျာ...။ကျွန်တော်လဲဓါတ်ပုံပိုးလေး ပါလို့...း)
ကိုလင်းညိုရေ...
မျက်လုံးတွေလဲ ပြုံးနေမှာပါ...း)
Post a Comment