Thursday, June 3, 2010

စိတ်ထွက်ပေါက်

လွဲခြင်းပေါင်းများစွာနဲ့...
ဟန်ချက်ညီညီ စီချယ်ထားတဲ့ ငါ့ရဲ့ည....
စိတ်ကူးတိမ်စိုင်တွေ ကြိုးနဲ့သီလို့..
ရင်ဘတ်ကို လေပြည်ငွေ့ငွေ့ပွန်း.........
ဟိုးအနောက်ယွန်းယွန်းဆီက ထုပ်ပိုးခြင်းမဲ့ ဆာလောင်မှုတွေ....
မှောင်ရီနေတာတောင် အလင်းကို သက်သေထူတုန်း...
သံသယ ရယ်သံပါးပါးထဲမှာ...
အမှန်တရားတွေ ခြောက်ချားတိတ်ဆိတ်.....
အဲဒီမနက်မျိုးမှာ ငါ့ကို ဘယ်သူနိုးခဲ့တာလဲ.....?

2 comments:

ချစ်ကြည်အေး said...

ကဗျာကောင်းလေးတွေ သဘောတကျ ဖတ်သွားတယ် အားလုံးအတွက် ဒီမှာပဲ ပေါင်းရေးခဲ့တယ်...သူငယ်ချင်းတွေ အခုလိုပဲ ဆက်လက်ရေးသားနိုင်ပါစေ :)

ဏီလင်းညို said...

စိုင်းမွန်းရေ.......

“ရင်ဘတ်ကို လေပြည်ငွေ့ငွေ့ပွန်း”.........
သဘောကျစရာလေးဗျာ.........။

ခင်မင်တဲ့
ဏီလင်းညို

Post a Comment