Tuesday, June 1, 2010

နေမျှော်တဲ့ပန်း

ရင်အိမ်ကို ဖွင့်ပစ်လိုက်တဲ့အခါ
နားတစ်စုံ စာ စကားတွေ
တဆစ်ဆစ်ကြွေသွားခဲ့

နှုတ်ခမ်းကို ထမ်းပိုးပြီး
ခေါက်ရိုးကျိုး မျက်လုံးတွေ မြည်တမ်းခဲ့
သိုသိုဝှက်ဝှက်
ပင့်သက် တို့ ငွေ့ရည်ဖွဲ့ခဲ့ကြ

ပျိုးထားတဲ့ ငါ့ ကောင်းကင်လည်း
ကြယ်သေတွေ ပွင့်နှင့်ပေါ့
အဆိပ်သင့်လရောင်ကို မြည်းစမ်းရင်း
ပျို့ပျို့လာတဲ့အလွမ်းတွေ
ငါ့ အခန်းထဲ တနင့် တပိုး....

ကူးလွေ့

1 comments:

ဏီလင်းညို said...

ကူးလွေ့ရေ......

ဒီကဗျာလေးလည်း.......ခံစားမိတယ်......။
ကြယ်သေတွေပွင့်နေမယ့်...ကောင်းကင်တစ်ခုအောက်မှာ ဆက်လျှောက်နေဦးမလား........သိချင်တယ်.....။

ခင်မင်တဲ့
ဏီလင်းညို

Post a Comment