Sunday, May 2, 2010

စကား

စကား..........
ကိုယ်လိုချင်တာကို ပုံစံဖော်ဖို့ သုံးနှုံးပြောဆိုကြတယ်.... ဘာသာစကားတွေ ဘယ်လောက်ကွဲကွဲ အဓိပ္ပာယ်ကို သယ်ဆောင်နေတာပါပဲ.....
ဆက်သွယ်ပြောဆိုနေကြတာ.. နည်းမျိုးစုံ.........။ စာရေးသလို၊ ပြောလဲ ပြောရဲ့....။
ကြားထဲမှာ သယ်ဆောင်ပေးတဲ့အဓိပ္ပာယ်နဲ့ လက်ခံနားလည်မှုလေး ချိတ်ဆက်မိဖို့ အရေးကြီးတယ်.........
အထင်လေးတစ်ချက် လွဲစေခြင်းဟာ တော်တော် ဆိုးဝါးတဲ့ ဆက်သွယ်မှု ကန့်လန့်ကာကြီးတစ်ခုလိုပါပဲ...
စေတနာတွေ လွန်သွားရင် ရေစီးကမ်းပြိုစကားတွေဟာ ကမောက်ကမ သံစဉ်တစ်ခုလို အဓိပ္ပာယ်တွေက ဝိရောဓိ...
ရှင်းရတာလွယ်ပေမယ့် စွဲမှတ်သွားတာက နှုတ်ရခက်တဲ့ သညာ............
သွားမယ် မသွားဘူး နှစ်ခွန်းထဲမှာ ပဲ အဓိပ္ပာယ်တွေ ကိန်းအောင်းနေလိုက်တာ....
သွားမယ် ပီးမှာ မသွားတော့ဘူး ပြောလိုက်တာဟာ.... အကြောင်းတွေ တစ်စုံတစ်ရာ တိုက်ဆိုင်ခဲ့ရင် စိတ်ဆိုးတာလို အဓိပ္ပာယ်မျိုး သယ်ဆောင်တယ်...။
တစ်ခါတစ်ရံ သိတတ်နားလည်မှုကို သယ်ဆောင်တယ်...။ ဖတ်သူရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပီး ကွဲတာပေါ့...
နားတော့ ရှုပ်စရာ... ။ ဥပမာ... အခန်းထဲက ငါသွားတော့မယ် လို့ နှုတ်ဆက် အထွက်မှာ သွားတော့လို့အပြောနဲ့ကြုံမယ်...။ မသွားတော့ဘူးလို့ ပြန်လည်ပြင်ဆင်လိုက်ပါပီတဲ့ အဓိပ္ပာယ်တွေက ပေါက်ကရ ဖြစ်ကုန်ရော...။
တစ် သွားခါနီးမှာ သွားတော့လို့ အပြောခံလိုက်ရလို့ စိတ်ဆိုးပီး မသွားတော့ဘူးလို့ ရွဲ့တာလား...
နှစ် သွားခါနီးမှာ သွားတော့လို့ကြားလိုက်တာ မသွားစေချင်သေးဘူး ခံစားမိပီး စေတနာနဲ့ အလိုက်သိတတ်စွာ မသွားတော့ဘူးလို့ ပြင်ဆင်ခြင်းမျိုးလား...။
သုံး ကိုယ့်ဟာကိုယ် စိတ်မပြတ်သားတာမျိုးလား...
လေး သွားချင်စိတ် ကုန်တာလား..
လားပေါင်းများစွာ.... အဲဒါ စကားလေး သုံးခွန်းထဲက သယ်သွားတဲ့ ပြဿနာ....
အင်း ကာလံဒေသံကို လိုက်လို့ သုံးနှုံး တတ်ရင်တော့ ပိုကောင်းတာပေါ့လေ....
စကားဟာ တိုတိုင်းမကောင်းဘူး... ရှည်တိုင်းလဲ အကြောင်းမထူးတဲ့....
အင်း ဒီကလေး စကားတတ်လိုက်တာတဲ့.. တစ်ကယ်ကော တတ်ရဲ့လား.........
ပြောတတ်ယုံပဲလား.. နားကောထောင်တတ်ရဲ့လား..........
စကား .. စကား.. စကား....

5 comments:

မြစ်ကျိုးအင်း said...

အငြင်းပွားဖွယ်ရာ စကားမျိုးဆိုရင်တော့ စကားသံရဲ့ လေသံ အပျော့အမာ လေယူလေသိမ်းနဲ့ ပြောတဲ့သူရဲ့ စိတ်ထားနဲ့ ချိန်ဆပြီး အနီးစပ်ဆုံး ခန့်မှန်းကြရတာပါပဲ။ ဒါတောင်လွဲတတ် ပါသေးတယ်။ ခင်မင်ရင်းနှီးသူချင်းတော့ ပွင့်လင်းစွာ ဆက်ဆံ တဲ့ အကျင့်လေး ကျင့်ယူရင် ကိုယ့်အထင်နဲ့ လွဲရတဲ့ အဖြစ်မျိုး နည်းသွားနိင်ပါတယ်။

မြစ်ကျိုးအင်း said...

ကိုစိုင်းရေ ဒါရော ကိုယ်တွေ့ပဲလားဗျ
း)

m said...

သွားဖို့ပြင်ဆင်ပြီးနေတာတွေ့တယ်၊အချိန်မလင့်စေချင်လို့သွားတော့လို့ပြောတယ်ဆိုယင်ကော....

Anonymous said...

@ကိုကြီးမြစ်........ စကားပြောတာတောင် အသံနေအသံထားအရ မှန်းဆတာ ၉၀%လောက်ပဲ မှန်နိုင်တာ... စာနဲ့ဆိုရင်တော့....း) ကိုယ်တွေ့လေးပါပဲ ကိုကြီးမြစ်ရေ...
@ညီမလေး.. အမရေ......... ဟုတ်တယ်...
@M.. သိတတ်မှုလွန်သွားတာပါ.......း)

~ဏီလင်းညို~ said...

စိုင်းမွန်းရေ.......

ချစ်အောင်ပြောတာလည်း....... ဒီနှုတ်ဖျား.......
မုန်းအောင်ပြောတာလည်း......... ဒီနှုတ်ဖျား..... ဆိုတာ ....... ဟုတ်နေမယ်ထင်တယ်..........း))

ခင်မင်တဲ့
ဏီလင်းညို

Post a Comment