Saturday, February 6, 2010

ငါ့ရဲ့ ချစ်သူ

မျော်လင့်တကြီးနဲ့ ငါ့ ရင်မြေယာလေး
ထွန်ယက်....
စိတ်ကူးလိုက်ရုံနဲ့တင် ပျော်စရာကောင်းလွန်းနေတော့လည်း
ရူးရူး မူးမူး တောင့်တမိတာ မဆန်းဘူး မဟုတ်လား..?
အဲသလို...ရင်တွေ ခုန်ပြီးတော့
ရှိသမျှ အချစ်တွေပုံအောပြီးကြဲခဲ့တဲ့ ငါ့ ပျိုးခင်းပါ
ခုတော့..
သောကရည် ရွှန်းရွှန်းမှည့် ဝင်းတောက်ပြီး
အဆိပ်သီးရာထောင်မက ပွင့်လာခဲ့ကြတယ်....။

နင်ကတော့...သိမယ်မထင်ဘူး..ဟ!
ကတိ ကို တောင်လို ပုံပေးပြီး ဒူးလေးတ နန့်နန့်
ငါ့မှာသာ
ပုခုံးသားတွေ ဖူးရောင် အက်ကွဲပြီး ပုပ်ခဲ့..သိုးခဲ့ခုတော့
ဒုက္ခညှီနံ့ဟောင်ဟောင်ပေါ်မှာ
နင့် ရယ်သံတွေသာ တလှောင်းလှောင်း အုံလို့...ဖွဲ့လို့။

ကူးလွေ့

5 comments:

~ဏီလင်းညို~ said...

ကူးလွေ့ရဲ့ ကဗျာလေးထဲမှာ ဒေါသသံလေးနည်းနည်းပါနေတယ်...း))
ခင်မင်တဲ့
ဏီလင်းညို

ကူးလွေ့ said...

ဟုတ်ပါတယ်ခင်ဗျ...။အဲဒါလေးက ဒီကဗျာလေးရဲ့ အသက်မို့လို့ပါ :)

မောင်ကောင်း said...

ညီမရေ.. စိတ်ချမ်းသာပါစေဗျာ..း)

မြစ်ကျိုးအင်း said...

ငါ့ရဲ့ချစ်သူဆိုတာ ဒူးလေးတနန့်နန့်နဲ့ ပေါ့ ။

Moe Cho Thinn said...

အချစ်တွေ ပုံအော ကြဲ ခဲ့တဲ့ ပျိုးခင်း တဲ့။ လှလိုက်တဲ့ အဖွဲ့..။

Post a Comment