Sunday, January 31, 2010

ဒုက္ခိတရဲ့ ပန်းအိုး

သူကောင်းဖြစ် မဖြစ် မသိရပေမယ့်
ငါ့ရဲ့ ကျားကတော့ တောပြောင်းခဲ့ပြီ
ကိုယ်ကောင်းပေမယ့် ခေါင်းက တစ်ရွေ့ရွေ့
ရှိနေမြဲ နဂိုရ် တည် ဘဝ ပုံစံထဲ
မျက်နှာပြင်ပေါ်က အရေးကြောင်းတွေသာ ထင်ရှား...ရင့်မှည့်
ကိုယ့်ဖြစ်ခြင်းနဲ့ကိုယ် ဒဏ်ရာတွေ ရပြီးရင်း...ရခဲ့တယ်

အိပ်မက်တွေ စားစားပြီး လူမလေး, ခွေးမခန့်
နေထွက်တိုင်းသစ်ထားတဲ့ မျက်နှာကြီး
တဖြည်းဖြည်းဟောင်းနွမ်းပြီး ပွန်းခဲ့ပဲ့ခဲ့
သွားပါများ ခရီးတော့ရောက်ခဲ့တယ်
လမ်းပျောက်ဆဲ နေ့ည အစုံလိုက်ကြွေ နေတာများ
လှ...မှ ..လှ

ခဏတာ ငှားရမ်းထားတဲ့ ဘဝတာက ပဲ ရှည်လွန်းခဲ့သလား
သံသယတွေ အကြွင်းမဲ့သုတ်သင်ပြီးချိန်ထိအောင်
ဒုက္ခိတရဲ့ ရင်ဘတ်ထဲက ပန်းအိုးလေး
လေးရာသီ အလေ့ကျပန်းတို့ ဝေ နေခဲ့။

ကူးလွေ့

4 comments:

မြစ်ကျိုးအင်း said...

ကူးလွေ့က ကဗျာရေးကောင်းတယ်
စာသားတွေက လန်ထွက်နေတယ် အဲ ပြောက်မြောက်တယ် ပြောရင် ပိုအဆင်ပြေမယ်ထင်တယ်

~ဏီလင်းညို~ said...

ကူးလွေ့ရဲ့ကဗျာလေးတွေက ကောင်းတယ်ဗျ....း)
ခင်မင်တဲ့
ဏီလင်းညို

ကူးလွေ့ said...

ခုလို အားပေးကြတာ အထူးကျေးဇူးပါ ဗျာ

Moe Cho Thinn said...

ဒုက္ခိတလေးကို သနားလိုက်တာ..

Post a Comment