Tuesday, January 19, 2010

ခြေလှမ်း

စိတ်လိုလက်ရ တစ်ခုခုကို စဉ်းစားမိတယ်...
အဝေးကို မျှော်ကြည့်နေရာကနေ အာရုံတွေကို ကိုယ့်ဆီမှာ ကိုယ်စုကြည့်တဲ့အခါ..... ဘာကို သွားမြင်လဲဆိုရင် နေ့စဉ်လှမ်းနေရတဲ့ ခြေလှမ်းလေးတွေကို သွားမြင်တယ်....
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေတစ်ဘက်က ရှေ့ကို တက်သွားချိန်မှာ ခြေတစ်ဘက်က နောက်ဆီမှာ ကျန်ခဲ့တယ်....
စဉ်းစားမိတယ်....
ခြေလှမ်းတစ်လှမ်းမှာ ပါဝင်တဲ့ ခြေနှစ်ချောင်းရဲ့ အရေးပါမှု..........
ရှေ့ကို တက်လှမ်းလိုက်တဲ့ ခြေကပဲ ဦးဆောင်သွားတာလား... ဒါမှမဟုတ် နေရာတစ်ခု ခြေကုပ်မြဲနေအောင်ချပီး ပင့်ထောက် တွန်းကန်ပေးလိုက်တဲ့ ကျန်ခဲ့တဲ့ ခြေကြောင့်ပဲ ရှေ့ကို ရောက်သွားခဲ့တာလား....
တစ်ကယ်တော့ အချက်ကျ ညီမျှ အချိုးကျတဲ့ အပေးအယူတစ်ခု ပြီးမြောက်မှသာ ခိုင်မာတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာတာပါ....
လက်ရှိနေရာမှာ ခိုင်မြဲနေမှသာ ရှေ့ဆက်ဖို့အတွက် အားယူနိုင်မှာဖြစ်သလို၊ ရှေ့ကို ထိုးထွက်ရဲတဲ့ ခြေလှမ်းသစ်ရှိမှလဲ လက်ရှိ ခြေကုပ်ကို အားပြု ရှေ့တိုးနိုင်မှာ....။
အရာရာကို ဘက်မျှအောင် သုံးမှပဲ ခြေလှမ်းသစ်ဆိုတာ ဖြစ်လာမှာကိုး....။
လူတွေမှာ ပါလာတဲ့ တစ်စုံ တစ်စုံသော ပစ္စည်းတွေဟာ နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဖို့မဟုတ်ပဲ တစ်ခုတည်းကို နှစ်ခုပေါင်းပီး စည်းချက်ညီညီ အပေးအယူတဲ့တဲ့ လုပ်နိုင်ဖို့ ဆိုတာ သိလာတယ်....
ကိုယ့်မှာ ရှိနေတာကို စနစ်တစ်ကျ ပေါင်းစည်းတတ်တဲ့အခါ ကိုယ့်မျှော်မှန်းချက်ဆိုတာ ပြည့်စုံ ဖို့ မခက်တဲ့ အရာဆိုတာ ကျေနပ်စရာ တွေ့နိုင်မှာပါ....

(ခေါင်းထဲရောက်လာတဲ့ အတွေးလေးကို မျှလိုက်တာပါ...)

3 comments:

နွေဆူးလင်္ကာ said...

ခြေထောက်တစ်ချောင်း နောက်မှာ မကျန်ရစ်အောင် ခြေမလှမ်းတော့ပဲ ခုန်စွခုန်စွ သွားကြည့်ပါလားဗျ။

Anonymous said...

ဟုတ်ကဲ့ ကိုနွေဆူးရေ.....

ခြေတစ်ဘက် နောက်ကျန်တာလား၊ ထောက်ကန်ပေးတာလား မစဉ်းစားပဲ ကျန်ခဲ့တဲ့ ခြေရဲ့ ထောက်ကန်ပေးမှုကို ယူပီး တိုးထွက်သွားတဲ့ခြေတစ်ဘက်က လမ်းမှန်ကို ချမိဖို့ ပိုအရေးကြီးမယ်လို့ သုံးသပ်မိပါတယ်...
တစ်ကယ်တန်းစဉ်းစားရင် ခြေစုံခုန်သွားတယ်ဆိုတာ ကိုယ့်မှာရှိတဲ့ အားအင်တွေကို မလိုအပ်ပဲ ဖြုန်းတီးမိတာပါပဲ... ဘယ်လောက် အကွာအဝေး၊ အတိုင်းတာတစ်ခုထိများ စုံခုန်သွားနိုင်မှာလဲ....?
ဒူးကို ဆန့်ထားပီး ခုန်မယ်ဆိုရင်တော့ ခြေက နောက်မှာမကျန်ခဲ့နိုင်ပေမယ့် ဒူးကို ကွေးပီး အားယူခုန်ရင်တော့ ခြေတစ်ဘက်တောင်မဟုတ်ဘူး နှစ်ဘက်လုံး နောက်မှာ ချန်ခဲ့ရလိမ့်မယ်...။း) အခုလို အမြင်တစ်မျိုး ထောက်ပေးတာ ကျေးဇူးပါ....

~ဏီလင်းညို~ said...

စိုင်းစိုင်းမွန်းရေ...
ဟုတ်တယ်...
ကျွန်တော်လည်းထင်မိတယ်... balance ဖြစ်ဖို့တော့ လိုမှာပါ...
ခင်မင်တတ်တဲ့
ဏီလင်းညို

Post a Comment