Sunday, January 17, 2010

ပိုးကိုက်ထားတဲ့ သစ်သီး

ခံနိုင်ရည် ရှိလာတာမျိုး မဟုတ်ပေမယ့်
နာကျင်မှုက အသားကျ
"ဘဝ" ကို စကားတစ်ခွန်းကဝယ်ပြီး တစ်ခွန်းက ရောင်းတယ်
ထုံထိုင်းဆဲ ဆွံ့အ နာတွေက လူမသိ သူမသိ

တစ်ကယ်တော့လည်း
စိတ်အဆာပြေရုံလေး မေးခွန်းတွေရွာချ ခဲ့တာပါ
သူစိမ်း သူရံ ဆန်ဆဲ ငါ့နေ့စွဲတွေသာ တစ်ရွက်ပြီး တစ်ရွက်
စိမ်းသွားလိုက်...ဝါလာလိုက်။

ကူးလွေ့

20.7.2006
July,Thursday

3 comments:

~ဏီလင်းညို~ said...

ညီမလေးရေ...
ကဗျာလေးကိုခံစားမိလိုက်တယ်...။
“စိတ်အဆာပြေရုံလေး မေးခွန်းတွေရွာချ ခဲ့တာပါ”...ဆိုတဲ့ စာလုံးလေးတွေကိုနှစ်သက်မိတယ်...။
(ဒါနဲ့ ကူးလွေ့ဆိုတာ ညီမလေးနဲ့တစ်ယောက်ထဲလား....း))
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

တစိမ်းဆန်တဲ့နေရာ တစိမ်းဆန်တဲ့ယဉ်ကျေးမှု ကြားမှာ နေ့ရက်တွေက တစိမ်းဆန်ဆန်ပါပဲ
မနက် alarm မြည်သံကနေ ညနေ အိမ်ပြန်ရောက် ချိန်အထိ ကိုယ့်ကိုကိုယ် မပိုင်သလိုပါပဲ ။

ကဗျာလေးကို သဘောကျတယ် ဆိုတာထက် ထိတယ် ပြောရမှာပဲ ...။

ကဗျာကောင်းလေးတွေ ဆက်ရေးပါအုံး

ကူးလွေ့ said...

အားပေးကြတဲ့အတွက် ကျေးဇူး ပါခင်ဗျာ။
ကိုဏီလင်းညိုရေ...ညီမလေးနဲ့ ကူးလွေ့ တစ်ဦးစီပါ ခင်ဗျား..။

Post a Comment