တစ်နေ့သား...မှာဗျာ။မိဘတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းအောက်မှာ နေရတဲ့ သူငယ်ချင်း တစ်ယောက်နဲ့တွေ့တဲ့အခိုက်မှာ သူ့ရင်ထဲက သူတောင့်တ ငတ်မွတ်တဲ့ လွတ်လပ်တဲ့ ရှင်သန်ခြင်းအကြောင်း စကားစမြည်ပြောဖြစ်ကြပါတယ်။သူ့စိ တ်ကူး...သူ့ဆန္ဒလေး ထဲက လွတ်လပ်မှု မှာ အဆိပ်အတောက် ဖြစ်စေနေတဲ့ အကြောင်းအရာလေးတွေကတဆင့် ကျွန်တော် တွေးမိတဲ့ လွတ်လပ်ခြင်းပါ။ လွတ်လပ်စွာ ကွဲလွဲ နိုင်ကြပါတယ် ခင်ဗျား။
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ၊ ဆန့်ကျင်ခွင့်၊ ရေးသားခွင့်၊ ဝတ်ဆင်ခွင့်စတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်မှု၊ဖြစ်တည်ခွင့် ရှိမှု ကို တန်ဖိုးထား အသားပေးတဲ့ ကိစ္စရပ်ဟာ ကမ္ဘာကြီးကို တစ်ကယ် အကျိုး ပြုနိုင်ပါရဲ့လား? ကျွန်တော်တို့ လူတွေဆိုတာ တစ်ကယ်ပဲ လွတ်လပ်စွာဖော်ထုတ် လုပ်ကိုင်နိုင်ခွင့် ရှိသင့်သလား?လွတ်လပ်စွာ ပြောကြ၊လုပ်ကြ၊ဝတ်ကြ၊ ဖန်တီးကြ၊ နေထိုင်ကြခြင်းအားဖြင့် မျှတ ညီညွတ်တဲ့ ကမ္ဘာကြီး တစ်ခု ကို တည်ဆောက်ယူနိုင် ကြပါ့မလား...?လူတွေရဲ့ အကန့် အသတ်မရှိတဲ့ ဆန္ဒ အကွဲအလွဲတွေကို လွတ်လပ်မှု ပေးလိုက်ခြင်းအားဖြင့် ...ဘာတွေ ပိုပြီး တိုးတက် လာမလဲ?
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင်
လူတွေ ရဲ့ အတိုင်း အဆမဲ့ လွတ်လပ်ခြင်းဟာ ကမ္ဘာကြီးကို အမြဲ ငြိမ်းချမ်း ညီညွတ်စေနိုင်လိမ့်မယ် လို့ ကျွန်တော်က တော့ မယုံကြည်ဘူး။ တစ်ခါတစ်ရံ ကိုယ့် လွတ်လပ်မှုဟာ တစ်ပါးသူကို ကန့်သတ် ကျဉ်းကျုံ့စေတတ်ပါတယ်။ဒါပေမယ့် လူတိုင်းက ဒါကို မေ့လျော့ ထားလေ့ ရှိကြပါတယ်။စည်းနဲ့ကမ်းနဲ့ လွတ်လပ်နိုင်မှ တန်ဖိုးရှိတာပါ ။ စည်းမရှိ ကမ်းမရှိ ပရမ်းပတာ လွတ်လပ်တာဟာ ကိုယ့်ရဲ့ တန်ဖိုးကိုလဲ ကျစေသလို ပတ်ဝန်ကျင်ကို အနှောက်အယှက် ဖြစ်စေပါတယ် ။ လွတ်လပ်မှု နဲ့ အတူ တာဝန်ယူတတ်မှု ဆိုတာလဲ ဒွန်တွဲပါနေပါတယ် ဆိုတာကိုလဲ မမေ့သင့်ကြဘူး ။ လွတ်လပ်မှု ဆိုတာကြီးကိုပဲ တွင်တွင်သုံးသုံးပြီး ကိုယ့်လုပ်ရပ်ရဲ့ ဖြစ်မှုပျက်မှု အပေါင်းကို တာဝန်မယူနိုင်ပြန်ရင်လဲ အဲဒီ လွတ်လပ်မှု ဆိုတာကြီးက တကယ် အဓိပ္ပာယ် ရှိပါဦးတော့မလား ။
တစ်ချို့နေရာတွေမှာ လွတ်လပ်ခွင့် ကို ဆုပ်ကိုင်ထားတဲ့ အတွက် ၊ လွတ်လပ်မှုကို ငဲ့ညှာရတဲ့အတွက် သူ့ဆီက လာတဲ့ ချိန်းခြောက်မှုကို ထိထိရောက်ရောက် ပြေလည်အောင် မဖြေရှင်းနိုင်ကြတာမျိုးတွေ ရှိတယ်။ပြောရမယ် ဆိုရင်တော့...လူတွေရဲ့လွတ်လပ်
လွတ်လပ်မှု ဟာ မကောင်းဘူးလို့ ကျွန်တော် မပြောလိုပါဘူး။ လွတ်လပ်မှုကနေ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး သီးပွင့်လာခဲ့သလို လွပ်လပ်မှုကနေ အဆိုး၊အပျက် ဘက်ဦးတည်တဲ့ အကြောင်းတရားတွေလည်း တပြိုင်နက် ရောယှက် ပါဝင်လာတာ ပဲ မဟုတ်လား။နောက်တစ်ချက်က အတိုင်း အဆမဲ့ လွတ်လပ်ခြင်း ဟာ လူတွေရဲ့ နဂိုရ် ရှိရင်းစွဲ အရိုင်းစိတ်ကို ပိုပြီး နိုးကြား စေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ဥပမာ ရှိုးပွဲတွေမှာ ကချင် ခုန်ချင် စိတ်ကို လွှတ်ပေးလိုက်တဲ့အခါ မျိုး။
ကမ္ဘာမှာ ထင်ရှားတဲ့ ပညာရှင်ကြီးတွေနဲ့ ပညာရပ်တွေဟာ လွတ်လပ်စွာတွေးခေါ် မှုကြောင့်သာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်လို့ စောဒက တက်ကောင်း တက် နိုင်ပါတယ်။ သို့ပေမယ့် သူတို့ ရဲ့ လွတ်လပ်စွာ တွေးခေါ်မှုကို သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က သာ ကန့်သတ်ထိန်းချုပ်မထားခဲ့ရင် ပေါ်ပေါက်လာနိုင်စရာ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် ဥပမာ တွေ အများကြီး မပေးလိုပါဘူး...။ ထင်သာ မြင်သာ တဲ့ အကောင်းအဆိုး လေးတွေ ပတ်ဝန်းကျင်မှာ အနီးအနားမှာပဲ ဖြစ်ပျက်နေကြတာ အလွယ်တကူ မြင်တွေ့နေနိုင်ပြီးသားဖြစ်ကြမှ
ကူးလွေ့
19.02.2010
Friday,February.
***ဒီစာစုလေးဖြစ်မြောက်အောင် ဖြည့်စွက် အကြံဥာဏ်ပေးခဲ့တဲ့ ညီမလေးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်းပါ။***
***ဒီစာစုလေးဖြစ်မြောက်အောင် ဖြည့်စွက် အကြံဥာဏ်ပေးခဲ့တဲ့ ညီမလေးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်းပါ။***
1 comments:
လူကြီးတွေက အမြဲပြောလေ့ရှိတယ်
ကိုယ့်လွတ်လပ်ခွင့်ကြောင့် တပါးသူ မထိခိုက် မနစ်နာ စေနဲ့တဲ့။
ဒါကလည်း အသိတရားရယ် တာဝန်ယူမှုရယ် ကိုယ်ချင်းစာတရားရယ် ရှိတဲ့လူတွေပဲ ဖြစ်နိင်တာပါ။
အတ္တများတဲ့လူတွေ ရဲ့ ပါတ်ဝန်းကျင်ကတော့ နေသာဖွယ်ရာ မရှိဘူးလေ
Post a Comment