Wednesday, December 28, 2011

ငါ့စိတ်ကူး တိုင်းမှာ မွှေးတဲ့ နှင်းဆီ

နင်က...
ငါ့စိတ်ကူးတိုင်းမှာ မွှေးတဲ့နှင်းဆီ

" ကမ္ဘာဦးကျမ်း " ထဲက လိုပဲ
ငါ့ဘယ်ဘက် ရင်ဘတ် ထဲက နင့်အကြောင်းတွေ ပဉ္စလက်ဆန်ပုံက
အရုဏ်ဦးလို ဆည်းဆာလို
လျှို့ဝှက်ခြင်းနဲ့ အဆန်းတကြယ် ခမ်းနားတယ်

ချယ်ရီရောင်သင်းနေတဲ့ ရနံ့တွေ
ရင်တစ်ခုလုံး စွတ်စိုအောင် ရွာချလိုက်ပုံက
လတစ်စင်း ကောင်းကင်မှာ ပွင့်လိုက်သလို

သက်တန့်ဆန်တဲ့ ဂီတစည်းချက်တွေပေါ်မှာ
စိတ်က...
ထိန်းမရချုပ်မရ မြောပါပြီး
အိပ်မက်တို့ ချိုမြိန်ရာ တိမ်တိုက် တစ်ခုလို
နင်ဟာ....
ငါ့စိတ်ကူးတိုင်းမှာ မွှေးတဲ့ နှင်းဆီ။

ကူးလွေ့

17.9.2006

0 comments:

Post a Comment