Thursday, July 22, 2010

မိုင်တိုင်တွေရဲ့ သီချင်း

ငါတို့ရဲ့ တွေ့ဆုံချိန်လေး
ကြည့်နေရင်းကပဲ ခိုးယူခံလိုက်ရချိန်
မြင်နေကျ ငါ့မျက်လုံးတွေ ငတ်မွတ်ဖျားနာခဲ့ရပေါ့

မရှိခြင်းအနက်ရောင် ပွင့်ဖတ်တွေကြားမှာ
နေသားမကျတဲ့ စိတ် က
ည ရဲ့အရေခွံကို ဆုတ်ဖြဲ ပြေးထွက်တယ်
ဖွင့်ထားမယ့် တံခါးများဆီ
စွင့်ထားမယ့် နားတစ်စုံဆီ

ကောင်မလေးရေ...!
ဒါဟာ ငါ့ရင်နဲ့တီးခတ်တဲ့ ဂီတပါ
နင့် ပြတင်းရဲ့ အပြင်ဘက် မနက်ခင်းမှာ
ညနေမှာ...
ငါ့ အလွမ်း တွေ လှလှပပ
မိုင်တိုင်တွေ စိတ်လိုလက်ရ ကွေးညွတ်ထားတဲ့ လေပြေထဲမှာ
လွင့်ထွက်စီးမျောဆဲ ခေါ်သံများ...

ကူးလွေ့

4 comments:

နေ၀သန် said...

လှလိုက်တာ.. စကားလုံးတွေ... ရေးလည်းရေးတတ်ပါ့ဗျာ....


ခင်မင်တဲ့
နေ၀သန်

သူကြီးမင်း (တုံးဖလား) said...

ဘယ်နှစ်နှစ်မြောက်မိုင်တိုင်လဲ။

ဖတ်လို့ကောင်းတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်..
လှလှပပစာလုံးလေးတွေ..

ဟန်ကြည် said...

ခံစားလို့ရပါတယ်...

Post a Comment