ကျောခိုင်းသွားတဲ့ မီးခိုးမှုန်တွေရဲ့ ဒီဇင်ဘာက
ဆယ့်နှစ်နာရီ မိနစ် နှစ်ဆယ်
ခဏလေး တွေ့ကြဖို့
ခပ်ဝေးဝေး ကတည်းကလည်း စောင့်ခဲ့တယ်
ပါးပြင်ပေါ် ငါ့ ဝင်သက်လေး တစ်ရှိုက်စာ
ခုတော့...
ကိုယ်ငွေ့တို့ မနွေးထွေးလိုက်ခင် မိုင်တိုင် တွေထဲ
ခိုက်ခိုက်တုန်..။
ကူးလွေ့
22.12.06
Friday,December.
0 comments:
Post a Comment