Thursday, December 2, 2010

အက်သံ...

မျက်ရည်စက်မှာ တွဲလွဲခို...
ရင်ခုန်သံကို အပြစ်မဆိုချင်ပါဘူး...
အချစ်ကို ချိုမယ်ထင်ခဲ့မိမှ...
မနက်ဖြန်ကို ရင်ကွဲကြိုဦးမယ်....

5 comments:

သူကြီးမင်း (တုံးဖလား) said...

မနက်ဖန်ကို ရင်ကွဲကြိုရဦးမယ် ဆိုပါလား။ ရင်ကွဲမကြိုဘဲ ရင်ဖွင့်ပြလိုက်ပေါ့။ ဒါမှ တူညီတဲ့ နားလည်မှု ရှိချင်ရှိလာမှာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

စိုင်း said...

တစ်ခါတစ်လေ ရင်ဖွင့်ခြင်းက စစ်တလင်းဆီ ဦးဆောင်သွားတတ်လေရဲ့ အကိုမောင်ရေ......
ကိုယ်ရှာတဲ့ဒဏ်မို့ အိပ်မက်ကို ဖန်ရေမဆေးတော့ပါဘူး....
(အဟုတ်မှတ်နေဦးမယ်... ကိုကိုမောင် ကွန်မန့်ကို ထပ်ကွန့်ပီး စာရေးတာပါ...း))

ဂျစ်တူး ( မုံရွာ ) said...
This comment has been removed by the author.
အင်္ဂါဟူး said...

အချစ်ကို ချိုမယ်ထင်ခဲ့တာကိုး...

စိုင်း said...

ကိုဂျစ်တူးရေ....
ကဗျာဟာ ဖတ်တဲ့သူကို တစ်ခုခု ရစေချင်လို့ စိတ်ထဲထင်တဲ့ ပုံရိပ်လေးကို ခံစားအသက်သွင်းတာပါ....
ကဗျာကို ကဗျာအနေနဲ့ပဲ ခံစားပေးပါလား....
အလွမ်းအဆွေးတွေရေးနေပေမယ့် အပြင်မှာ ကျွန်တော် အသည်းကွဲဖူးဘူးဗျ...
ရေးမိတိုင်းတာ ကိုယ်တွေ့အဖြစ်လို့ ထင်နေရင် ကျွန်တော်တို့ ကလောင်လေးတွေ သံချေးကိုက်ရချည်ရဲ့....

ခင်မင်လျှက်
စိတ်ကူးလှိုင်း

Post a Comment