Tuesday, August 10, 2010

ထမင်းဝိုင်း

အိမ်နဲ့ ဝေးတိုင်း အိမ်ကို တနည်းနည်းနဲ့ လွမ်းနေရတာ.........
ဒီနေ့မွေးနေ့မှာတော့ အမေချက်တဲ့ ဟင်းတွေ... အဖေချက်တဲ့ ဟင်းတွေ မထိမတွေ့ပဲ နေနေရတာ....
နောက်ဆုံးဗျာ.......... အသားဟင်းစားရင်တောင် အရိုးတွေကျန်ရင် အိမ်က ကြောင်လေး ခွေးလေးတွေကို သတိရတယ်...
ကိတ်မုန့်စားရင်လဲ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ပီး တောင်းစားတတ်တဲ့ ခွေးနက်မကြီး... (အခုတော့ မရှိတော့ပါဘူး..)
အမေ့အသံကြားရင် ပြာနေတဲ့ ကြောင်တစ်အုပ်....
သူများအိမ်ကို ပေးလိုက်ပီး အိမ်မှာ ပြန်လာနေတဲ့ တစ်ကောင်တည်းသော ခွေးနက်ကလေး မဲလုံး.....
တွေးရင်း မျက်ရည်တွေလည်လာလို့ မွေးနေ့မှာ သီချင်းလေး တစ်ပုဒ် ချရေးဖြစ်တယ်....
သီချင်းစပ်ပီးတာနဲ့ အမေ့ကို ဖုန်းဆက်တယ်... စပီကာ ဖွင့်ခိုင်းပီးတော့ သီချင်းချက်ချင်း ဆိုပြဖြစ်တယ်....
မျက်လုံးမှာ မျက်ရည်စတွေနဲ့.....
အိမ်ကို လွမ်းလိုက်တာ

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ပါ..
ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ပါစေ..

သူကြီးမင်း (တုံးဖလား) said...

လွမ်းစရာကြီးပါလား။

ဟက်ပီးဘတ်ဒေးပါ။
မွေးနေ့မှာ ပျော်ရွှင်စရာတွေဘဲတွေးလေ။ လွမ်းစရာကြီးတွေမတွေးနဲ့။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

စိုင်း said...

မွေးနေ့ ဆုတောင်းတွေအတွက် ကျေးဇူးပါဗျာ..........
မွေးနေ့တိုင်း အိမ်မှာ တစ်ခုမဟုတ် တစ်ခုတော့ ချက်စားဖြစ်တယ်လေ....
ဒီလို လက်ဆုံ ထမင်းဝိုင်းနဲ့ ဝေးနေတာ မွေးနေ့ သုံးခါ ရှိခဲ့ပီ....

Post a Comment