ဝမ်းတွင်းမှာ လွယ်စဉ်ကတည်းက
တမ်းချင်းတွေနဲ့ ချစ်ခြင်းဖွဲ့တည်
အားတင်းကာ ဝန်ကိုချီမ
ဘဝသစ်ကို ပုံစံချဖို့................
အဆုံးစွန်အောင် နာကျင်ခက်လဲ
အပြုံးမွန်နဲ့ အောင်နိုင်ခဲ့ပေါ့
ချွေးသံတည် မျက်နှာနှုံးနဲ့
ပီတိဖြာ အမေ့မျက်လုံးတွေ.................
လှိုက်လှိုက်အော် ငိုသံပေးတဲ့...
ရင်သွေးငယ် ချိုသံတေးကို
စိတ်မှာခင် သူပြန်ပေးတယ်
လိုအပ်သမျှ လုပ်ကျွေးသုတ်သင်........
စကားငယ်မပီ တီတာပြောတော့
မျက်ရည်ကြည် ဝေဖြာဇောနဲ့
တွန်းတိုက်တည် သင်ကာပေးတယ်
ခေါ်စမ်းကွယ့် အမေ....
ခြေစုံကို တည်ကာရပ်တော့
လေဟုန်ကို ပြန်ကာထွက်ဖို့
အတောင်တွေစုံ ပညာတတ်ဖို့
လူရာသွင်းပို့ပေးတယ် ကျောင်းတော်ရပ်ဆီ.....
ပညာစုံ အတောင်ထွက်တော့
ရင်ကိုကန် ပျံကာတက်တယ်
ရင်သွေးငယ် လူရေတက်ကို
သွင်မပြတ်စီးဆင်း ချစ်ခြင်းနဲ့ဝေ....
ဒုက္ခကြုံ မနေတတ်မှ
သောကအစုံ သယ်လာပေးလဲ...
သုခဘုံထင်ကာမှတ်တယ်
တုနှိုင်းရယ်မှီနိုင်ဘု မေတ္တာထုကို...
ခွန်းချီငယ် ပြန်ကာပြောလို့
ချစ်တယ်အမေ မဆိုနိုင်ခဲ့ဘု
နောင်တလွန် ဆိုချိန်မရောက်မှီ
အပြေးပြန်ကာရင်ငွေ့နွေးသို့ လှမ်းမျှော်စိတ်ရည်....
သားတော်ငယ် သည်အပြစ်ကြွေးကို
မေတ္တာရည် တည်ကာဆေးမယ်
မေမေ့ရင် ပြန်ကာနွေးဖို့
ဦးညွှတ်ကာလက်အုပ်မိုး ရှိခိုးမိသည်...
မေမေ့ရဲ့ အနန္တကျေးဇူးဂုဏ်ကို အမေများနေ့ အမှတ်တရအဖြစ် သား ဒီကဗျာလေးနဲ့ ကန်တော့လိုက်ပါရစေ အမေ....
ဧည့်ခန်း
အိမ်လိပ်စာ
team.cherrydream@gmail.com
Wednesday, April 28, 2010
Sunday, April 25, 2010
စီးဆင်းတဲ့ရေ.....
အား... ငါ ဘာဖြစ်သွားတာလဲ...။ ငါ့ ဘယ်လက်တစ်ခုလုံး လှုပ်မရပါလား...။ ဟင် မိုးရည်တွေ ဘယ်က ကျလာတာလဲ..၊ ငါ ကားထဲမှာမလား...။ ဘာလို့ မိုးစိုနေပါလိမ့်...။ ငါ အခု ဘယ်မှာလဲ...။ ဟော ဥသြသံတွေကြားတယ်...။ လူတွေ ငါ့ဆီလာနေတယ်...။ ဟာ.... ငါ ကားအက်ဆီးဒင့်ဖြစ်တာပဲ...။ ငါ့ကို လော်ရီကားကြီး ဝင်တိုက်တာ..။ ဘယ်လိုမှ ထိန်းမရတော့လို့ ငါ တစ်ခြားကားတွေ ဆင့်တိုက်မိတာပဲ...။ လမ်းဘေးက အရံအတားတိုင်ကိုသာ မတိုက်မိရင် ငါ့ကား ဘယ်အထိ လိမ့်သွားမယ်မသိ....။ ကျွတ်ကျွတ်ကျွတ်.. ငါ့ခေါင်းကလဲ နာလိုက်တာ...။ တစ်ခုခုနဲ့ ဆောင့်မိတယ်ထင်တယ်...။ အား...။ ဖုန်း လေး မီးလင်းနေပါလား...။ မက်ဆေ့ခ်ျ ဝင်တယ်ထင်တယ်....။ ငါ့ မောင်လေးဆီကဖြစ်မယ်...။ ဟုတ်နိုင်တယ်.. သူနဲ့ စကားခုနလေးတင်ပြောနေတာ...။ ရာသီဥတုဆိုးလို့ ဖုန်းကျသွားတာ...။ ဖုန်းလေးကို မလွှတ်တမ်း ကိုင်ထားမှပါ...။ ငါ့ကိုယ်နဲ့ ကပ်နေမှရမယ်...။ မဟုတ်ရင် မောင်လေးကို အဆက်အသွယ် လုပ်လို့ရမှာမဟုတ်ဘူး...။ အမြင်တွေ ဝါးလိုက်တာ...။ အင်း... ငါ့ကို သယ်သွားကြပီ...။ ဘယ်လက်က လှုပ်မရပါလား...။ နာလိုက်တာ..။ ကျွတ်ကျွတ်....။ ငါ့ကို ဘယ်ထဲ ပို့ကြတာလဲ...။ အရေးပေါ်ခန်းတဲ့...။ မောင်လေး ဘာပို့လာတာလဲ ကြည့်ဦးမှပါ...။ အော် အိမ်ပြန်ရောက်ရင် ဖုန်းဆက်ပါတဲ့...။ သူအားပီတဲ့...။ မောင်လေးရေ အမ အိမ်ပြန်မရောက်နိုင်သေးဘူးကွယ်...။ ငါငိုလို့မဖြစ်သေးဘူး.. ။ မောင်လေး ကို မက်ဆေ့ခ်ျပြန်မှတော့ဖြစ်မယ်..။ မဟုတ်ရင် စိတ်ပူနေလိမ့်မယ်...။ ဖုန်းမကျခင်တောင် ဂရုစိုက်မောင်းဖို့ တဖွဖွ မှာနေတာ...။ အက်ဆီးဒင့်ဖြစ်တယ်ဆိုတာကိုသာသိရင် ရင်ကျိုးလိမ့်မယ်...။ ငါ ပြောပြလိုက်ရမလား...။ မပြောလဲ သူသိမှာပဲ...။ အဲလို ဆို ပိုတောင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်...။ ပြောပြလိုက်ပါမယ်..။ ဒါပေမယ့် လက်ကျိုးသွားတဲ့အကြောင်းတော့ မပြောဘူး...။ အိုကေ.. မောင်လေးရေ အမ ဖုန်းမခေါ်နိုင်သေးဘူး.. အက်ဆီးဒင့်ဖြစ်လို့ အရေးပေါ်ခန်းရောက်နေတယ်... ။ ရပီ ဒီလောက်ဆို...။ အင်း ငါ့ညာလက် ကောင်းနေသေးတာ ကျေးဇူးတင်ရမယ်...။ မက်ဆေ့ခ်ျပို့လို့ရသေးတယ်...။ .................။ နာလိုက်တာ...။ မက်ဆေ့ခ်ျတော့ပို့လိုက်ပီ..။ ဆရာဝန်တွေက ငါ့ကိုဘာလို့ စစ်နေတာလဲ...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မက်ဆေ့ခ်ျ ချက်ချင်းဝင်လာတယ်...။ ဟာ တဲ့.. ပိ ဘယ်လိုဖြစ်တာလဲ... ပိ အိုကေရဲ့လားတဲ့...။ မအိုကေဘူးကွယ်...။ စိတ်ထဲကသာ ပြောဖြစ်လိုက်တာပါ...။ လက်ကတော့ အိုကေပါတယ်.. ဘယ်လက်နဲနဲနာတယ်၊ နောက် လက်ပင်းနဲနဲ နာတယ်... ဘာမှ မဖြစ်ဘူး ... မစိုးရိမ်နဲ့လို့ပဲ ရိုက်ပို့လိုက်တယ်...။ မက်ဆေ့ခ်ျပြန်ဝင်လာတယ်... စိုးရိမ်ရလား၊ ကြီးလား၊ ပိရယ်တဲ့....။ အင်း မောင်လေး စိတ်တအား ပူနေတာကို ခံစားမိတယ်...။ ငါ မြင်နေတယ် မောင်လေးရယ်... ၊ ဒီရင်ထဲကနေ မြင်နေတယ်...။ ဟော ဒေါက်တာတွေ လာကြပီ.. ။ ငါ့ကို ခွဲစိတ်ခန်း ချက်ချင်း ဝင်ရမယ်တဲ့...။ အိမ်သားတွေကိုလဲ အကြောင်းကြားထားတယ်တဲ့...။ ငါ့သားလေး စိတ်အားငယ်နေရော့မယ်...။ အတွေးတွေကလဲ ယောက်ယက်ခတ်နေတာပဲ...။ ငါ့ကို မေ့ဆေး ပေးပီးခွဲမယ်တဲ့...။ အရိုးကို ပြန်ဆက်ပီး ဝင်နေတဲ့ မှန်စတွေလဲ ထုတ်ရဦးမယ်...။ မောင်လေးရေ.. အမကို သတိရနေနော်...။ မေ့ဆေးငွေ့ကို ရှူရင်း လောက်ကကြီးက ဝေဝါးသွားတယ်...။
အင်း ဘယ်ဘက်လက်က မခံမရပ်နိုင်အောင် နာလိုက်တာ...။ လေဆာနဲ့ တစ်ခါတည်း ပြန်ချုပ်ထားပေးပေမယ့် နာလိုက်တာ..။ ပတ်တီးထူထူအောက်ကနေ နာကျင်နေတဲ့ ဒဏ်ရာကို တွေ့နေတယ်...။ ဖုန်းထဲက မောင်လေး ပို့ထားတဲံ မက်ဆေ့ခ်ျတွေကိုတွေ့တယ်...။ ဟော မတ်ဖြစ်သူ လာကြိုပီ...။ အိမ်ပြန်ရတော့မယ်..။ ပျော်လိုက်တာ..။ ဖုန်းကတော့ မိုးရည်နဲ့ ထိပီးပျက်သွားပီ...။ အသစ် ဝင်ဝယ်မှပါ...။ မတ်ဖြစ်သူက လက်မခံဘူး..။ အိမ်ကို အရင်ပို့တယ်..။ မောင်လေး မျှော်နေတော့မယ် ငါ့ကို..။ ငါ့မောင်လေးကို အသည်းနစ်အောင် ချစ်တယ်...။ သူ့ကို ပေးမျှော်နေလို့မဖြစ်ဘူး... ။ အိမ်ပြန်ရောက်ပီ...။ မတ်ဖြစ်သူက တွဲပီး အခန်းထဲ ပို့ပေးတယ်...။ ညာလက်ပဲ အားတော့တာ မောင်လေးရေ...။ နှုတ်ဘွတ်ခ် အသေးလေးကို ဖွင့်ပီး အွန်လိုင်းတက်လိုက်တယ်...။ မောင်လေး မွေးနေ့လက်ဆောင် ပေးထားတဲ့ အကောင့်လေးနဲ့...။ ထင်တဲ့အတိုင်းပါလား..။ အွန်လိုင်းမှာ မောင်လေးကိုတွေ့တယ်..။ အား ခေါင်းက ထိုးလိုက်တာ...။ မောင်လေး မေးနေပီ..။ လက်ကျိုးတယ်ဆိုတဲ့...။ မျက်ရည်တွေက ဘာလို့ ချက်ချင်းဝဲတာလဲ...။ ငါမငိုဘူး..။ မောင်လေး စိတ်ဆင်းရဲတော့မယ်...။ ပါးပါးလေး ပြောလိုက်မယ် အရိုးအက်တာပါလို့...။ ပြောပြလိုက်တယ် မောင်လေးကို၊ အရိုးအက်တာပါ.. ဘာမှမဖြစ်ပါဘူး၊ ခွဲပီး လေဆာနဲ့ ဆက်ပီး ချုပ်ပီးသွားပီလို့....။ မောင်လေး သနားပါတယ်... ။ ငါပြောတာကို ချက်ချင်းယုံပီး ပျော်သွားတယ်..။ အဟား မောင်လေးရယ် ပိလက်နာနေတာကို ချက်နေသေးတယ်...။ နားနေလေတဲ့...။ ချစ်လိုက်ရတာ မောင်လေးရယ်... ဒါကြောင့် ..။ သူက ငါဟောက်ရင် ကြောက်တယ်...။ နောင့်နဲ့ ပြောရင် အားရှိတယ်လို့ ပိပြောထားတယ်လေ ဆိုပီး ဟောက်လိုက်ဦးမှ...။ ထင်တဲ့အတိုင်းပဲ သူ ငြိမ်သွားတယ်..။ မပြောရဲတော့ဘူး...။ လက်ကလဲ နာလိုက်တာ..။ ခေါင်းတွေကလဲ ကိုက်လိုက်တာ..။ ဒါပေမယ့် ငါငြိမ်လိုက်ရင် မောင်လေး သိသွားတော့မယ်...။ သူက လူလည်လေး..။ ညာလက်တစ်ဖက်ကိုပဲ အဆင်ပြေအောင် သုံးရင်း ချက်နေလိုက်မယ်...။ အင်း ချက်လဲ ချက်ချင်ပါရဲ့ မောင်လေးက အလုပ်မှာဆိုတော့ အလုပ်ပျက်နေဦးမယ်...။ ပေးနားလိုက်ပါမယ်...။
အား ခေါင်းတွေ ထိုးလိုက်တာ... ။ ဖျားချင်နေသလိုပဲ...။ အဖျားတိုင်းကြည့်ဦးမှ...။ ဟာ... ၁၀၄ ဆိုပါလား...။ ငါဘာလို့ အဲလောက် ကိုယ်ပူနေတာလဲ...။ ခေါင်းလျှော်မိလို့လား..။ မဟုတ်ပါဘူး...။ မောင်လေးသိရင်တော့ ငါ့ကို ဆူတော့မယ်...။ သူ သိနေတာ ခက်တယ်...။ ပြောပြလိုက်မှပါ...။ ပြောပီ ငါ့ကို...။ ခေါင်းလျှော်လိုက်လို့နေမှာတဲ့..။ နောက် မလျှော်ရဘူးတဲ့...။ နားရမယ်တဲ့...။ အမ ကျေနပ်တယ်မောင်လေးရေ... ။ အဲလို ဂရုစိုက်တာ ..။ ရှိနေတဲ့ ညာလက်လေးတစ်ဖက်ကို အားပြုပီး ပြောနေရတာ အားမရလိုက်တာ...။ ဘယ်လက်ကလဲ ဘာလို့ အခုထိအောင် နာနေတာလဲ..။ လက်ချောင်းတွေကလဲ လှုပ်လို့ကို အဆင်မပြေ....။ ဟော မောင်လေးပြောတယ်.. စောစောနားရမယ်တဲ့...။ ဘယ်နှစ်နာရီ အိပ်ရမလဲ ဆိုတော့ ဆယ်နာရီအိပ် လေးနာရီထတဲ့...။ အမ နားထောင်မယ် မောင်လေး...။ တစ်ကယ်ဆို မင်းလေးနဲ့ စကားတွေ မပြတ်တန်းပြောချင်နေတာ...။ ဒါပေမယ့် နားမယ်..။ မနားလို့ မရအောင် ခေါင်းတွေ ထိုးလို့ မောင်လေးရေ...။ မတ်ဖြစ်သူ သိသွားတော့ သူ့ကို ဆေးရုံတန်းပို့တယ်..။ သူ့ခေါင်းကို စကင်ဖတ်တယ်...။ ဟာ.. သွေးခဲတွေ့တယ်တဲ့..။ ဒါကြောင့် ငါ့ခေါင်းတွေ ထိုးနေတာကိုး...။ မောင်လေး သိလို့ မဖြစ်ဘူး...။ သူ အရမ်း စိတ်ထိခိုက်သွားလိမ့်မယ်...။ ငါလိမ်ရမယ် ကလေးရယ်...။ စိတ်တော့မကောင်းပါဘူး...။ ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ရင်း ပါးပြင်တွေ ပူနွေးလာတယ်...။ ငါ့မျက်ရည် ကျပြန်ပီ မောင်လေးရေ...။
နက်ဖြန် ခွဲခန်းဝင်ရတော့မယ်...။ ငါ သတိ ပြန်လည်ချင်မှလည်မယ်...။ လည်ရင်လဲ အားလုံးကို မှတ်မိချင်မှ မှတ်မိမယ်တဲ့...။ မောင်လေးရေ...။ အမ ရင်ထဲမှာ ငိုကျွေးနေတယ်...။ ဒါပေမယ့် မောင်လေး မသိစေရပါဘူး..။ စကားပြောရင်း မောင်လေးရဲ့ ဂရုစိုက်မှုတွေ ခံစားရင်း ရင်တွေ ပိုနာလာတယ်...။ မောင်လေးကို အမ ညာပီး မသွားရက်တော့ဘူး...။ မောင်လေးရေ မင်းအမ မနက်ဖြန် ခွဲခန်းဝင်ရမယ်...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မေးခွန်းတွေ တလစပ်ဝင်လာတယ်...။ သူသိနေပါလား..။ ဆေးရုံ ပြန်တက်ရမယ်ဆိုတာကို... ပြောလက်စနဲ့ ပြောလိုက်ပါမယ် မောင်လေးရေ..။ မင်းကိုတောင် မှတ်မိချင်မှ မှတ်မိတော့မှာ...။ ဘာတဲ့ မောင်လေး ပေးမသွားရင် အမ ဘယ်မှ သွားခွင့်မရှိဘူးတဲ့လား...။ ငါ့ကို ငိုအောင် လုပ်နေတာလား ကလေး...။ မင်းကို မခွဲနိုင်တာ မင်းလေး အသိဆုံးပါ မောင်လေးရယ်...။ ငါ့ဘဝကလဲ ဆိုးလိုက်တာ...။ ငါ့မောင်လေး လက်ထပ်ပွဲကိုတောင် ငါ သိပါတော့မလား...။ မနေ့က မောင်လေးရဲ့ ကောင်မလေး အင်တာနက်ကနေ ဖုန်းဆက်သေးတယ်..။ အလိုက်သိလိုက် တဲ့ကောင်မလေး..။ ညီမလေးလို့ပဲ ခေါ်ဖြစ်တယ်..။ ငါ့ညီမလေး ဖြစ်လာမှာကိုး...။ အား ခေါင်းတွေ ထိုးလိုက်တာ..။ ငါ ငိုနေပီ မောင်လေးရေ...။ ဆယ်နာရီလဲ ထိုးတော့မယ်...။ အိပ်ချိန် ရောက်တော့မယ်...။ ငါ မအိပ်ပါရစေနဲ့ မောင်လေး...။ မောင်လေးကို ပြောတော့ သူ နားလည်တယ်...။ စကားတွေ ပြောပေးတယ်..။ ငါ့ကို ဖက်ထားပေးပါမောင်လေး...။ ငါ့လက်တွေကို ဆွဲထားပါ...။ ငါ့ကို မလွတ်လိုက်ပါနဲ့။ ငါ့ကို ဘယ်အခြေအနေ ရောက်ရောက် မမေ့လိုက်ပါနဲ့...။ အရမ်းချစ်တယ် မောင်လေးရေ...။ အမတစ်ယောက် ရင်ကွဲသံကို မင်းလဲ နားလည်မှာပါ....။ မောင်လေး အသံတွေ တုန်နေတယ်..။ ဒါပေမယ့် ငါပျော်အောင် ဟန်လုပ်ပီး လေသံကို ပျော်ထားတယ်..။ မောင်လေးရယ်...။ ငါသိတာပေါ့...။ ငါ့ရင်ထဲမှာ မင်းကို အတိုင်းသားမြင်နေတာလေ...။ အား ငါ ကိုယ်ခန္ဓာ တစ်ခုလုံး မလှုပ်နိုင်တော့ဘူး...။ ညာလက်လေးပဲ ကျန်တယ် မောင်လေး...။ ဒါပေမယ့် အားအင်တွေ ပြည့်နေတယ်...။ ဘာလိုလိုနဲ့ မနက်ခင်းကို ရောက်လာတယ်...။ မောင်လေးရေ.. ငါ့ကို ခေါင်းတွေ ဖြီးပေးနေတယ်...။ ဆေးရုံကို သွားတော့မယ်...။ အမကို အားတွေ ယူသွားမှရမယ်...။ မောင်လေးရေ မင်းအသံလေးတွေ အမ ကြားသွားချင်တယ်...။ မှတ်သွားချင်တယ်..။ ပရင့်ထုတ်ထားတဲ့ ပုံကို ကြည့်ပီး အမ တိတ်တိတ် ငိုနေရတာ ...။ ဟော လာပြောပီ...။ ဖုန်းခေါ်လိုက်မယ်...။ တစ်ဖက်က မောင်လေး အသံကို ကြားလိုက်မှ နာကျင်နေတာတွေ သက်သာသွားတယ်..။ အင်း... လမ်းတစ်လျှောက်မောင်လေးကို အမ ပြောပြမယ်နော်..။ အလာပသလာပတွေပေါ့...။ အဲလိုနဲ့ ဆေးရုံဝင်းထဲ ဝင်လာတယ်..။ အမကို ခေါင်း စကင် ထပ်ဖတ်မယ် မောင်လေး...။ ပီးရင် အမကို ခွဲတော့မယ်...။ လက်မလွှတ်ပါဘူးတဲ့လား မောင်လေး...။ အမ ဖုန်းချမယ်နော် ပီးမှ ပြန်ခေါ်လိုက်မယ်...။
ဟဲလို...။
ဟဲလို ပိလား...
ဟုတ်တယ်နောင့်... ပိခေါင်းကို စကင်ဖတ်ပီးပီ...။ သွေးခဲက သေးတယ်တဲ့... ဒါပေမယ့် ခွဲဖို့ ဆရာဝန်တွေနဲ့ ပိ အကို နဲ့ တိုင်ပင်နေတယ်...။
ဟုတ်လားပိ.... ဘယ်လိုဖြစ်ဖြစ်ခွဲရမှာပေါ့နော်....
အင်း ခွဲရမယ် နောင့်...။ အခု ပိရဲ့ ဆရာဝန် လာနေတယ်....။ ခဏလေး ပိ နှုတ်ဆက်လိုက်ဦးမယ်...
အော့ ပိ ...
အင်း သူက ပိကို ခွဲစိတ်နေစဉ်တစ်လျှောက် လိုက်မှတ်ထားရမှာလေ...။ ပိက သူ့လူနာဆိုတော့...
အော့
အဲဒါမှ သူ အကြောင်းစုံသိမှာ...
အော့ ပိ
ဟော.. ပိ ဆရာနဲ့ သူငယ်ချင်းတွေ လာနေတယ်....
ဟုတ်လားပိ...
အင်း လာနေကြပီ... အဟင့်... ဟင့်...
ပိ.....
ဟင့်... အဟင့် ... နောင့်... အီး......
ပိ ရယ်.. မငိုပါနဲ့.. နောင့် တစ်ယောက်လုံး ရှိတယ်လေ...။ ပိဘေးမှာ နောင့် တစ်ယောက်လုံး ရှိတယ်လေ.....
နောင့်ရယ်.. ပိကို ခွဲကြတော့မယ်.. နောက်ဆယ်မိနစ်ဆို ပိကို မေ့ဆေး ပေးတော့မယ်.... အဟင့် ဟင့်....
ပိရယ်.. မေ့ဆေးက ပိရဲ့ ခန္ဓာကိုယ်ကိုပဲ ပေးနိုင်တာပါ...။ နောင့်က ပိရင်ထဲမှာလေ...။ ပိလက်ကို ဆုပ်ထားပေးတယ်..။ နောင့် မလွှတ်ဘူး... ။ ပိ မှတ်ထား...။ နောင့် ခွင့် ပြုချက်မရပဲ ပိ ဘယ်မှ မသွားရဘူး...
...................... ဟင့် ဟင့်.............
ပိ... နောင့်တို့ အတူတူ တိုက်ပွဲဝင်မယ်နော်....။ ပိရင်ထဲက နှလုံးခုံသံကို နားထောင်ကြည့်... သာမာန်ထက် အားပြင်းတယ်သိလား...။ ဘာလို့လဲ ပိသိလား..
......ဟင့် ဟင့်...
ပိရင်ထဲမှာ ပိရဲ့ နှလုံးသားက တစ်ခု နောင့်ရဲ့ နှလုံးသားက တစ်ခု နှစ်ခုပေါင်းပီး ခုန်နေတာပိ...
ပိ ဘာမှ မဖြစ်ဘူး... ပိခွဲစိတ်ခန်းထဲ ဝင်လဲ နောင့် ပိနဲ့ အတူရှိနေတယ်နော်ပိ....
နောင့်ရယ်... အဟင့်... ဟင့်.......... ပိ သိတယ် နောင့် ....... ပိနားမှာ နောင့်ရှိတယ်ဆိုတာ...
အော့ .. နောင့်ရှိတယ်ပိ... ပိကို ဘယ်မှ ပေးမသွားဘူး.....
ပိမှတ်ထား... ပိအုံးနေတဲ့ ခေါင်းအုံးဟာ နောင့် လက်မောင်းပဲ...။ ပိ အိပ်နေတဲ့ မွေ့ယာဟာ နောင့်ပဲ...။ ပိ ခြုံထားတဲ့ စောင်ဟာ နောင့် ရဲ့ လက်အစုံပဲ... ပိနဲ့ ထပ်တူ နောင့် ရှိနေတယ်နော်ပိ..
နောင့်ရယ်.. ဟင့်...
ပိ စိတ်မပူနဲ့နော်..
နောင့်ရယ် ဘယ်လိုဖြစ်ဖြစ် ပိကို မမေ့ရဘူးနော်.....
မမေ့ဘူးပိ ... ပိရင်ထဲမှာ နောင့် ထာဝရ ရှိနေတယ်.. ။ နောင့်ရင်ထဲမှာလဲ ပိ ရှိနေတယ်...။ ပိ ... အတူတူ တိုက်မယ်နော်....
နောင့်ရယ်....
နောင့် နောင့် ပိကို လာခေါ်နေကြပီ...။ ပိသွားရတော့မယ်............ နောင့် နောင့်.........
ပိ ပိ..............
နောင့် ...................... (ကလစ်)
အင်း ဘယ်ဘက်လက်က မခံမရပ်နိုင်အောင် နာလိုက်တာ...။ လေဆာနဲ့ တစ်ခါတည်း ပြန်ချုပ်ထားပေးပေမယ့် နာလိုက်တာ..။ ပတ်တီးထူထူအောက်ကနေ နာကျင်နေတဲ့ ဒဏ်ရာကို တွေ့နေတယ်...။ ဖုန်းထဲက မောင်လေး ပို့ထားတဲံ မက်ဆေ့ခ်ျတွေကိုတွေ့တယ်...။
အား ခေါင်းတွေ ထိုးလိုက်တာ... ။ ဖျားချင်နေသလိုပဲ...။ အဖျားတိုင်းကြည့်ဦးမှ...။ ဟာ... ၁၀၄ ဆိုပါလား...။ ငါဘာလို့ အဲလောက် ကိုယ်ပူနေတာလဲ...။ ခေါင်းလျှော်မိလို့လား..။ မဟုတ်ပါဘူး...။ မောင်လေးသိရင်တော့ ငါ့ကို ဆူတော့မယ်...။ သူ သိနေတာ ခက်တယ်...။ ပြောပြလိုက်မှပါ...။ ပြောပီ ငါ့ကို...။ ခေါင်းလျှော်လိုက်လို့နေမှာ
နက်ဖြန် ခွဲခန်းဝင်ရတော့မယ်...။ ငါ သတိ ပြန်လည်ချင်မှလည်မယ်...။ လည်ရင်လဲ အားလုံးကို မှတ်မိချင်မှ မှတ်မိမယ်တဲ့...။ မောင်လေးရေ...။ အမ ရင်ထဲမှာ ငိုကျွေးနေတယ်...။ ဒါပေမယ့် မောင်လေး မသိစေရပါဘူး..။ စကားပြောရင်း မောင်လေးရဲ့ ဂရုစိုက်မှုတွေ ခံစားရင်း ရင်တွေ ပိုနာလာတယ်...။ မောင်လေးကို အမ ညာပီး မသွားရက်တော့ဘူး...။ မောင်လေးရေ မင်းအမ မနက်ဖြန် ခွဲခန်းဝင်ရမယ်...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မေးခွန်းတွေ တလစပ်ဝင်လာတယ်...။ သူသိနေပါလား..။ ဆေးရုံ ပြန်တက်ရမယ်ဆိုတာကို... ပြောလက်စနဲ့ ပြောလိုက်ပါမယ် မောင်လေးရေ..။ မင်းကိုတောင် မှတ်မိချင်မှ မှတ်မိတော့မှာ...။ ဘာတဲ့ မောင်လေး ပေးမသွားရင် အမ ဘယ်မှ သွားခွင့်မရှိဘူးတဲ့လား...။
ဟဲလို...။
ဟဲလို ပိလား...
ဟုတ်တယ်နောင့်... ပိခေါင်းကို စကင်ဖတ်ပီးပီ...။ သွေးခဲက သေးတယ်တဲ့... ဒါပေမယ့် ခွဲဖို့ ဆရာဝန်တွေနဲ့ ပိ အကို နဲ့ တိုင်ပင်နေတယ်...။
ဟုတ်လားပိ.... ဘယ်လိုဖြစ်ဖြစ်ခွဲရမှာပေါ့ေ
အင်း ခွဲရမယ် နောင့်...။ အခု ပိရဲ့ ဆရာဝန် လာနေတယ်....။ ခဏလေး ပိ နှုတ်ဆက်လိုက်ဦးမယ်...
အော့ ပိ ...
အင်း သူက ပိကို ခွဲစိတ်နေစဉ်တစ်လျှောက် လိုက်မှတ်ထားရမှာလေ...။ ပိက သူ့လူနာဆိုတော့...
အော့
အဲဒါမှ သူ အကြောင်းစုံသိမှာ...
အော့ ပိ
ဟော.. ပိ ဆရာနဲ့ သူငယ်ချင်းတွေ လာနေတယ်....
ဟုတ်လားပိ...
အင်း လာနေကြပီ... အဟင့်... ဟင့်...
ပိ.....
ဟင့်... အဟင့် ... နောင့်... အီး......
ပိ ရယ်.. မငိုပါနဲ့.. နောင့် တစ်ယောက်လုံး ရှိတယ်လေ...။ ပိဘေးမှာ နောင့် တစ်ယောက်လုံး ရှိတယ်လေ.....
နောင့်ရယ်.. ပိကို ခွဲကြတော့မယ်.. နောက်ဆယ်မိနစ်ဆို ပိကို မေ့ဆေး ပေးတော့မယ်.... အဟင့် ဟင့်....
ပိရယ်.. မေ့ဆေးက ပိရဲ့ ခန္ဓာကိုယ်ကိုပဲ ပေးနိုင်တာပါ...။ နောင့်က ပိရင်ထဲမှာလေ...။ ပိလက်ကို ဆုပ်ထားပေးတယ်..။ နောင့် မလွှတ်ဘူး... ။ ပိ မှတ်ထား...။ နောင့် ခွင့် ပြုချက်မရပဲ ပိ ဘယ်မှ မသွားရဘူး...
...................... ဟင့် ဟင့်.............
ပိ... နောင့်တို့ အတူတူ တိုက်ပွဲဝင်မယ်နော်....။ ပိရင်ထဲက နှလုံးခုံသံကို နားထောင်ကြည့်... သာမာန်ထက် အားပြင်းတယ်သိလား...။ ဘာလို့လဲ ပိသိလား..
......ဟင့် ဟင့်...
ပိရင်ထဲမှာ ပိရဲ့ နှလုံးသားက တစ်ခု နောင့်ရဲ့ နှလုံးသားက တစ်ခု နှစ်ခုပေါင်းပီး ခုန်နေတာပိ...
ပိ ဘာမှ မဖြစ်ဘူး... ပိခွဲစိတ်ခန်းထဲ ဝင်လဲ နောင့် ပိနဲ့ အတူရှိနေတယ်နော်ပိ....
နောင့်ရယ်... အဟင့်... ဟင့်.......... ပိ သိတယ် နောင့် ....... ပိနားမှာ နောင့်ရှိတယ်ဆိုတာ...
အော့ .. နောင့်ရှိတယ်ပိ... ပိကို ဘယ်မှ ပေးမသွားဘူး.....
ပိမှတ်ထား... ပိအုံးနေတဲ့ ခေါင်းအုံးဟာ နောင့် လက်မောင်းပဲ...။ ပိ အိပ်နေတဲ့ မွေ့ယာဟာ နောင့်ပဲ...။ ပိ ခြုံထားတဲ့ စောင်ဟာ နောင့် ရဲ့ လက်အစုံပဲ... ပိနဲ့ ထပ်တူ နောင့် ရှိနေတယ်နော်ပိ..
နောင့်ရယ်.. ဟင့်...
ပိ စိတ်မပူနဲ့နော်..
နောင့်ရယ် ဘယ်လိုဖြစ်ဖြစ် ပိကို မမေ့ရဘူးနော်.....
မမေ့ဘူးပိ ... ပိရင်ထဲမှာ နောင့် ထာဝရ ရှိနေတယ်.. ။ နောင့်ရင်ထဲမှာလဲ ပိ ရှိနေတယ်...။ ပိ ... အတူတူ တိုက်မယ်နော်....
နောင့်ရယ်....
နောင့် နောင့် ပိကို လာခေါ်နေကြပီ...။ ပိသွားရတော့မယ်............
ပိ ပိ..............
နောင့် ...................... (ကလစ်)
အကြောင်းအရာ။ ။
စိတ်ခံစားမှု
Monday, April 12, 2010
ဧပရယ် သီချင်း
ပုရစ်ဖူးတွေ သီတဲ့မျက်စောင်းထက်ထက်နဲ့
ချို နွဲ့နွဲ့ လှရက်လွန်းတဲ့ နွေ
ကောင်းကင်ရဲ့ တေးသွားတေးသံများ မြူချော့ဖို့
ကနွဲ့ကလျ ကကွက် ကကြိုး ကကွက် နဲ့
အဝါရောင် ပဉ္စလက် တံတိုင်း ပေါ်မှာ
ရှိသမျှ အလှကို လှစ်ပြဖွင့်ထုတ်ထား ရင်း
နှုတ်ခမ်းလေး မဟ တဟ
ဧပရယ် ဟာ လှချင်တိုင်းလှလို့
လေပြေတွေ လွန့်လူး ဦးခိုက်တဲ့
ယစ်မူးဖွယ် တန်ခူး ထောင်ချောက်ထဲ
တိမ်းပါး ညွှတ်နူး မေ့လျော့ရင်း
နာကျင်ဖို့ အဆင်သင့် မဖြစ်လိုက်ခင်
ဆောင်းရွက်ကျန်တွေ အစဉ်အတိုင်း ကျိုးကြေ ရွာကျသွားလိုက်ရ ပုံက
ခြောက်ခြောက်ခြားခြား
တိုးလျ အေးစိမ့်စွာ ကွဲကြေ လွင့်ပါးသွား
ကူးလွေ့
12.04.2010
Monday,April

ကဗျာ
Wednesday, April 7, 2010
ကချေသည်
တစ်ကယ်ကို မသိခဲ့တာပါ
ကကွက်တွေ သပ်သပ်ရပ်ရပ်
အနုစိတ်ထားတဲ့ လျှာဖျားပေါ်မှာ
ကိုယ့်ကို ကိုယ်ပြန်ရှာရတာ မောပေါ့
လေးလေးနက်နက် ပေါ့ပျက်ခဲ့
ပျားရည်တွေ စီးမျောလာပုံ ကိုက
မြွေတစ်ကောင် အဆိပ် ပါး ဝ သလို
မျိုခဲ့....သောက်ခဲ့
မျက်ရည်လည်ရွှဲလည်း ပျော်ရွှင်ခဲ့ဖူးရဲ့
အသားတင် မေ့လျော့ခြင်းအောက်မှာ
အရှက်ရ ဝမ်းနည်းခဲ့ရတဲ့ ဆန္ဒ အစုံစုံ
စနစ်တကျ အမှားတစ်ခုစီ ခင်းခဲ့
နှစ်သိမ့်တေး တစ်ချို့
လိုတိုင်း မရနိုင်တဲ့ အပြုံး တစ်ချို့
စကားခွံ တစ်ချို့
တစ်ချို့ ....တစ်ချို့
ဟောဒီ...နှုတ်ခမ်း အသေကောင်ပေါ်မှာပဲ
ကယောင်ခြောက်ခြား.....သေခဲ့တယ်။
ကူးလွေ့
ကကွက်တွေ သပ်သပ်ရပ်ရပ်
အနုစိတ်ထားတဲ့ လျှာဖျားပေါ်မှာ
ကိုယ့်ကို ကိုယ်ပြန်ရှာရတာ မောပေါ့
လေးလေးနက်နက် ပေါ့ပျက်ခဲ့
ပျားရည်တွေ စီးမျောလာပုံ ကိုက
မြွေတစ်ကောင် အဆိပ် ပါး ဝ သလို
မျိုခဲ့....သောက်ခဲ့
မျက်ရည်လည်ရွှဲလည်း ပျော်ရွှင်ခဲ့ဖူးရဲ့
အသားတင် မေ့လျော့ခြင်းအောက်မှာ
အရှက်ရ ဝမ်းနည်းခဲ့ရတဲ့ ဆန္ဒ အစုံစုံ
စနစ်တကျ အမှားတစ်ခုစီ ခင်းခဲ့
နှစ်သိမ့်တေး တစ်ချို့
လိုတိုင်း မရနိုင်တဲ့ အပြုံး တစ်ချို့
စကားခွံ တစ်ချို့
တစ်ချို့ ....တစ်ချို့
ဟောဒီ...နှုတ်ခမ်း အသေကောင်ပေါ်မှာပဲ
ကယောင်ခြောက်ခြား.....သေခဲ့တယ်။
ကူးလွေ့
အကြောင်းအရာ။ ။
ကဗျာ
Monday, March 29, 2010
အသိနဲ့ တရား
တိတ်တဆိတ်ပါပဲ....
ခုတ်မောင်းနေတဲ့ လောကကြီးမှာ စက္ကန့်နဲ့အမျှ (ခပ်မြန်မြန်တိုင်းတာလို့ရတဲ့ အသေးဆုံး အစိတ်အပိုင်း) ပြောင်းလဲ ဖြစ်ပျက်နေတယ်....
သိနေလဲ ဖာသိဖာသာနေရင်း ကြောက်လန့်မှုကို သိုဝှက်ထားမိတုန်း....
အမှားနဲ့ အမှန်ကြားက သတိနဲ့ သန္တန်.......
တွေးခေါ်မှုတွေက ဖောဖောသီသီ................ ရလာတဲ့ အသိတွေက ဝေဝေဆာဆာ......... လက်တွေ့ ကျင့်ကြံမှုက ခပ်ခွာခွာ............
မကောင်းမှန်းသိပေမယ့် သင်ပေးလိုက်တဲ့ တွေးခေါ်မှုနဲ့ ဆင်ခြေတုံတရားကြားက မုသားပါးပါးလေးမှာ အမှတ်တမဲ့ သို့တည်းမဟုတ် တမင်သက်သက် ခိုဝင်စားသုံး...........
ကိုယ့်ကိုယ်ကို ကိုယ်ပိုင် ဒါမှမဟုတ် အငှား စံနှုန်းတွေနဲ့တိုင်းတာရင်း ကိုယ်မှန်တယ်ထင်ရာကို တန်းတန်းမတ် သွားကြ........
ရယ်သံနောက်ကွယ်က အငိုမျက်လုံးတွေ.......... ဆန္ဒနဲ့ လက်တွေ့............ ကွာဟမှုကို သေးနိုင်သမျှ ဆွဲချုန့်ရင်း ရင့်ကျက်တဲ့ရင်မှာ အတ္တသီးလေးတွေက တွဲလွဲခို..................
ပေးဆပ်တယ်ဆိုပေမယ့် တွက်တတ်လွန်းစွာပဲ ပမာဏတစ်ခုထိသာ စိတ်ကို ဆွဲဆန့်ရင်း ပြန်မရရင် စိတ်က ဒဏ်ရာလေးတွေ သယ်သယ်သွားတတ်လွန်း.............
အင်း........ ကြီးမြတ်တာကို လူမသိချင်နေဆိုပေမယ့် တစ်စုံတစ်ယောက်ဆီက မျက်ဝန်း တစ်စုံတစ်ရာကို မျှော်နေတတ်ပြန်ရော.............. ဘယ်လောက်ပြုံးပြုံး နင့်နေတဲ့ ရင်ကို ထမ်းရင်း ကြီးမြတ်တဲ့ စိတ်ကို အားမလိုအားမရနဲ့ သံသယက ထားတတ်သေး...............
ဆင်ခြေမပေးပါနဲ့လို့ တစ်ဘက်သားကို တားမြစ်ရင်း သုံးခဲ့တဲ့ ဆင်ခြေတွေက အသင်္ချေ...........
တစ်ခုချင်း ထောက်နေရမယ်ဆိုရင် စာမျက်နှာတွေသာ ပွထသွားနိုင်တယ်.....
အထင်ရှားဆုံးက ကျေးဇူးတရား၊ သိတတ်မှုနဲ့ ကိုယ်ပိုင် အတ္တ............
မိဘကျေးဇူးကို ငါဆပ်မယ်ဆိုရင်း ရုန်းကန်ဖွေရှာပေးဆပ်ရင်း ပေးဆပ်မှုတွေက ကိုယ့်နောက်မှာရောက်မှန်းမသိ ရောက်.....
နေ့တိုင်း ဖုန်းမဆက်ဘူးနော်အမေ.. အဖေ.. ပြောစရာစကားတွေက နေ့တိုင်းမှ မရှိတာ... ကျန်းမာရေးကို ဂရုစိုက်ကြ... ပျော်ပျော်နေ... တစ်လတစ်ခါ ပြောဖြစ်တဲ့စကား...
တစ်လမှတစ်ခါ.............. နေ့တိုင်း ပြောဖြစ်စရာ စကား မရှိဘူးတဲ့.............
ပြန်စဉ်းစားမိပါ့.............. အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ နေ့တိုင်း နီးပါးတွေ့ပီး ပြောနေတာ စကားက ကုန်မသွားပါလား.............
း)
ပါးပါးလေးပဲ ပြုံးမိပါတယ်... ရှက်သွားတဲ့စိတ်ကို ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ဆင်ခြေနောက်မှာ ပြေးပုန်းခိုင်းလိုက်တော့ ဘာမှ မဖြစ်တော့သလို နေသားကျသွားတယ်...။
လူမှုဆက်ဆံရေးမှာ မိဘက ဘာလို့ မပါတာလဲ?...................... နောက်မှ ဆွေးနွေးကြပါစေ....
ဘယ်မှာ ဘယ်လိုပဲ ယှဉ်ယှဉ် ကိုယ့်ဒုက္ခက ပိုကြီးနေသယောင် ထင်တတ်သေး............
ကုန်ကုန်ပြောရင် ဘုရားဟောတဲ့ တရားကိုတောင် လက်တလုံးခြားလေး လုပ်တတ်လွန်းတယ်....
အရက်သေစာ မသောက်ပါနဲ့ တားမြစ်တယ်... ဘုရားရှင်က
ကျွန်တော်တို့က ဆင်ခြေလေးနဲ့ လှည့်တယ်... သောက်တတ်ရင်ဆေး မသောက်တတ်ရင်ဘေးတဲ့....
အရက်သေစာမှာ ဆေးလိပ်မပါ၊ ကွမ်းယာမပါဆိုပီး သိသိနဲ့ လိမ်ချင်သေး.....
ဒါပေမယ့် တရားကို သိနေတဲ့သူတွေချည်း................
အသိနဲ့ အတ္တကြားမှာ ခန္ဓာကို မှီတွယ်ရင်း မိုက်တွင်းနက်လို့ လွတ်လမ်းကို မျှော်တတ်တယ်....
အပြောလွယ်သလောက် လက်တွေ့ လုပ်ရခက်တယ်တဲ့.............
အဲဒီတော့ ပေးနေကြ ဆင်ခြေပါးပါးလေးတွေနဲ့ မုသားမပါ လင်္ကာမချော.......... ဖြစ်ကတတ်ဆန်းဘဝကို နည်းနည်းပါးပါး ကောက်ကက်စီပီး ရင်ကော့ အလှံထူနေတာ.............
နောက်ဆုံး တော့ လူပဲလေဆိုပီး တင်ထားသမျှ စံနှုန်းလေးတွေကို ကိုယ်နဲ့ ကိုက်အောင် ပြန်ညှိရင်း နေ့တစ်နေ့ဟာ အရင်လိုပဲ ပဉ္စလက်ဆန်နေတုန်း.................... အင်းပေါ့လေ ကိုယ့်အတွက် ကြေးစည်သံကို ကိုယ်မှ မကြားနိုင်တာ.......
ကိုကြီးလင်းညို တဂ်လိုက်တော့ အလန့်တကြားနဲ့ ခေါင်းထဲက ကစင့်ကလျား ခုန်ပေါက်ထွက်ကျလာတာလေးတွေပါ (ဒါလဲ ဆင်ခြေပါးပါးလေးပေါ့).....။ ကျွန်တော့ဘဝမှာ ထိပ်ဆုံး အတဂ်ခံရဖူးတာဆိုတော့ မျက်စိကိုလည်ထွက်နေတာ....။
ဖတ်ရတာ အဆင်မပြေရင် အဆင်ပြေသလိုလေး ဖတ်သွားပေးကြပါလို့.................
လေးစားစွာဖြင့်
စိုင်းစိုင်းမွန်း

အတွေးအမြင်
တွေးခြင်း
တစ်ရက် တစ်ရက် အသားကျနေတဲ့ ပြုဖွယ် ကိစ္စတွေ ထဲမှာ ပျင်းရိ ငိုက်မြည်း နေတဲ့ ကျွန်တော့်ကို ခင်မင်ဖို့ကောင်းတဲ့ အစ်ကိုကြီး ကို လင်းညိုက တစ်စုံတစ်ခု တွေးဖြစ်ဖို့ တက်ဂ်လာ တဲ့အတွက် ဖုန်တက်နေတဲ့ ခေါင်းကို ကမန်းကတန်း ဖုတ်ဖက် ခါရင်း တစ်စုံတစ်ခု တွေးဖို့ အထိတ်တလန့် ကြိုးစားကြည့်ပါတယ်။ အသုံးမပြုတာ ကြာတဲ့ ဦးနှောက်က ချက် ချင်း အလုပ် မလုပ် ပါ။
တစ်စုံတစ်ခု ကို တွေးဖြစ်ဖို့ အရေးထက် ဘယ် အကြောင်း အရာကို တွေးရင် ကောင်းမလည်း ဆိုတာ ကိုတောင် မနည်း တွေးကြည့် နေရပါတယ်။ ပေါ့ ပါ့ ပါးပါးလေးပဲ တွေးရမလား..။ ကမ္ဘာကြီးနဲ့ ချီပြီး မနိုင်ရင်ကာ တွေးရမလား..။ ဟိုလား ဒီလားနဲ့ တောင်တောင် အီအီ လျှောက်စဉ်းစား နေမိတဲ့အခါ ခေါင်း ထဲမှာ ဟိုတစ်စ ဒီတစ်စ တောင်စဉ်ရေမရ ပြေးလွှားခုန်ပေါက်နေကြတော့တာပဲ။
သြဂတ်စ် ရိုဒင် ကတော့ ခွါချွတ်ပြီး တွေးတယ်။ ဒီဘိုးနိုးက ဦးထုပ် ခြောက်လုံးဆောင်းပြီးတွေးတယ်..။ ဆရာကိုတာ က တော့ ဖောက်ထွက် ဖြန့်ကျက်ပြီးတွေး ကြစေချင်သတဲ့။ ကျွန်တော်ကတော့ ဘာကိုတွေးရမလည်း...? ဘယ် လိုတွေးရမလည်း...? မနက်ဖြန်အကြောင်း လား..။ မနေ့ကအကြောင်းလား...။ ဘဝကို တွန်းထိုး ဆွဲတင်ပေးမယ့် လှေကားထစ်တွေအကြောင်းလား..။ အောင်မြင်ကျော်ကြားသူတွေရဲ့အကြောင်းလား။ အမှတ်နှစ်စက်ကြားက ဖြောင့်တန်းနေတဲ့ မျဉ်း တစ်ကြောင်းလို ရှင်ခြင်း သေခြင်း အကြောင်း လား...။ ဒါမှ မဟုတ်....မီဂန်ဖောက်စ် ရဲ့ အကြောင်းလား။
တွေးခြင်းက လူတွေကို အဟိတ် ဘဝကနေ ကွာဝေး လွန်မြောက်ပြီး လောကကို ချုပ်ကိုင်လွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသော ဆင်ခြင်တုံ သတ္တဝါ အဖြစ်ကို ဆောင်ကျဉ်း မြှင့်တင်ပေးခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာ ပဲ တွေးခြင်းက လူတွေကို ပိုပြီး ကောက်ကျစ်စဉ်းလဲ တတ်လာ စေပြန်တယ်။ မွေးကတည်းက သေတဲ့အထိ လူတွေဟာ အမျိုးမျိုး အကြောင်းကြောင်းသော၊ အထူးထူး အပြားပြားသော အကြောင်းအရာ အကြံအစဉ် တွေအတွက် တရစပ်တွေး ကြတယ်။ ထိုင်ရင်းတွေးတယ်၊ ရပ်ရင်းတွေးတယ်၊ သွားရင်း တွေးတယ်၊ စားရင်း တွေးတယ်၊ အိပ်ရင်းတွေးတယ်..။ တွေးတယ်...တွေးတယ်...တွေးတယ်...။ တစ်ခု မဟုတ်ရင် တစ်ခု တော့ တွေးနေကြတာပဲ...။ တစ်ချို့က ကောင်းတဲ့ဘက် မှာ...တစ်ချို့ကလည်း မကောင်းတဲ့ဘက်မှာ...။ တစ်ချို့ကလည်း ကိုယ့်ဘဝ ကိုယ့်အတ္တအတွက်၊ တစ်ချို့ကလည်း အများအတွက် လောကအတွက်....။
ဘယ်လို အကြောင်းနဲ့ပဲ တွေးနေ တွေးနေ လူတွေ မတွေးချင်ပဲ မသိမသာရော သိသိသာသာပါ ကျော်လွှား သွားတတ်ကြတာလေး တော့ ရှိတယ်ဗျာ...။ ကမ္ဘာဦး ကတည်းက အခု လက်ရှိအချိန်အထိ လူတွေ မလိုချင်ဆုံးနဲ့ အကြောက်ရွံ့ဆုံး၊ ပြီးတော့ မွေးရာပါ ပိုင်ဆိုင်မှု တစ်ခု လည်းဖြစ်လေတဲ့ သေခြင်း ဆိုတာပါပဲ။
ငယ်ရွယ် သေးတယ်လို့ ပြောချင် ပြောနိုင်သေးတဲ့အချိန်မှာ....သေခြင်းဆိုတာ ကိုယ့်နဲ့ မလှမ်း မကမ်းလေးမှာ ရှိနေတယ် ဆိုတာ မသိယောင်ဆောင်ထား နိုင်သေးတဲ့အချိန်မှာ တောင် သေတယ် ဆိုတဲ့ ခံစားမှုကြီးကို တွေးမိတိုင်း မနှစ်မြို့စရာ ခံစားချက် မျိုးနဲ့ သိသိသာသာ တုန်လှုပ်ကြစမြဲပါပဲ။ တစ်ဆက်တည်း အမှတ် နှစ်စက်ကြားက မျဉ်းဖြောင့်လို ဘဝ အကန့်အသတ်နယ်ပယ်သေးသေးလေးထဲမှာ ကိုယ့်ဘာသာ ငါဘာလဲ..ငါဘယ်လဲ...ငါဘာလုပ်နေလည်း တွေးကြည့်ရင် အရာရာ အလဟဿ အဖြစ် ကို ပဲရောက်သွားတယ် ...။ပုထုဇဉ် လောကထဲက လူဆိုတာမျိုးကလည်း ကိုယ့် အတ္တ၊ ကိုယ့်မာန နဲ့ ကိုယ့် စွမ်း အား အရည်အချင်းအပေါ်မှာ တစ်စုံတစ်ခုနဲ့ အမှတ်ကျောက်တင်ပြီး အသိအမှတ်ပြုခံရဖို့ အလိုလားဆုံး သတ္တဝါတွေမဟုတ်လား..။ ကိုယ့်စွမ်းနိုင်သမျှကာလပတ်လုံးလည်း ကိုယ့်ပုံရိပ် ကိုယ့်သမိုင်းကို ခိုင်သထက်ခိုင်မာအောင် ထုဆစ်ချင်ကြတယ်။ ဒါကြောင့်လည်း လျစ်လျူ ရှု ခံရခြင်းဆိုတဲ့ ခံစားချက်ကို မကြိုက်ဘူး။ကိုယ့် အားထုတ် မှုအပေါ် မှာ ကိုယ့်ကို အသိအမှတ်မပြုပဲ အားလုံး ကို ချိုးဖျက် နင်းခြေ ပြီး ဥပက္ခော ပြု ပစ်ပယ်ပြီး ထားခဲ့မယ့် ဒီသေခြင်းဆိုတာ ကို မကြိုက်ဘူး။မကြိုက်ဘူး...မကြိုက်ဘူး... ဟင့်အင်း...ဟင့်အင်း...ဟင့်အင်း...တွန့်ဆုတ် မေ့လျော့ ငြင်းပယ်ကြရင်း ပဲ ငြင်းပယ်ခြင်းဟာ ကျွန်တော်တို့ ဖြစ်သွားခဲ့ကြ...။ အဲသလိုနဲ့ သံသရာစက်ဝန်းကြီးကို အမြဲလည်ပတ် စီးဆင်းနေဖို့ ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး..ထို့နောက် တစ်တပ် တစ်အား။
ကူးလွေ့
၂၉.မတ်လ.၂၀၁၀
တနလာၤ။
****ကိုလင်းညိုရေ...။ ကျွန်တော့်ရဲ့ အတွေးများကတော့ ဤမျှသာပါပဲဗျာ...။ တွေးဖြစ်နေကျ အကြောင်းတစ်ခုကို မျှဝေလိုက်ပါတယ်...။ငြီးငွေ့ဖွယ် တစ်စုံတစ်ရာ ဖြစ်စေခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးကြမယ် ထင်ပါတယ် ခင်ဗျား...။****

Thursday, March 25, 2010
Subscribe to:
Posts (Atom)
အညွှန်း
- ကဗျာ (49)
- စိတ်ခံစားမှု (12)
- အတွေးအမြင် (13)
- ကြုံဖူးတဲ့ အဖြစ်တွေရယ် (2)
- ရိုက်ဖြစ်သမျှ (9)