Saturday, February 11, 2012

ည ...




ဆောင်းညရဲ့ရင်ဘတ်ကိုချောင်းကြည့်တော့ အံချော်နေတဲ့ အလွမ်းတွေက အစီအရီ
ဘယ်တော့မှ အသုံးမဝင်တဲ့ ချစ်ခြင်းတွေကလည်း ကိုယ့်ကို ပျက်ရယ်ပြုလို့
ဒီကြားထဲ ...............
ငိုနေတဲ့ နှင်းစက်ကလေးတွေကြား ရောပြွန်းနေတဲ့ ကိုယ့်ရဲ့သတိရခြင်းတွေကြောင့်
ညတချို့က သွေးပျက်စွာအေးစက် ။


ညီမလေး
၁၂.ဖေဖော်ဝါရီ.၂၀၁၂

Sunday, February 5, 2012

မြို့ပြရဲ့ည ..


နှလုံးသားတွေ ဆာလောင်တဲ့မြို့ပြ
ချစ်ခြင်းကို မျှော်လင့်တဲ့ လတစ်စင်းနဲ့
ညခင်းကို ကြိုခဲ့တယ် ။



ညီမလေး
၅.ဖေဖော်ဝါရီ.၂၀၁၂