Sunday, August 15, 2010

".................."

  


ဒီလိုနဲ့ပဲ...ငါတို့တွေ
နီးလာလိုက်....ဝေးသွားလိုက်
သက်ရင့်အချစ်တွေသာ ကိုယ်စီကိုယ်ငှ ထမ်းပိုးပြီး
စိတ်ကူးတို့ ထပ်တူ ကျမယ့်နေ့ကိုစောင့်တယ်

ဖွင့်ဟ...မပြောလဲ
ရင်မှာ ထပ်တူကျ အလွမ်းတွေ တနင့်တပိုး
ဘယ်လောက်ပဲ ဝေးစေဦးတော့...တို့နှလုံးသားတွေ
နီးကပ်..ပူနွေးမြဲ

ရွှေရောင် အိပ်မက်တွေ ရိတ်သိမ်းဖို့
အနာတရ လမ်းမ ရှည်ဝေးဝေးမှာ
ဘဝစားမြိန်ဝိုင်းလေး ဖွယ်ဖွယ်ရာရာ ပြင်ဆင်မထားနိုင်သေးတော့
ချစ်သူကို လက်ဆုံစားဖို့ လည်း မခေါ်ဝံ့ဘူး။

တစ်ကြိမ်သာ နီးရဖို့ အကြိမ်ကြိမ်လဲ ခွဲခွါ
ပြန်ဆုံချိန် ငါ့စာမျက်နှာပေါ်မှာလဲ
ချစ်သူရဲ့ "ကတိ" တွေ မပါဘူး
ကိုယ်တိုင်ယုံကြည်ထူမတ်ခြင်းနဲ့သာ ခိုင်မာပြီး
မင်းအတွက်
ငါ့ရင်မြေလေး မွမွကြေ ထွန်ယက်ပြီး ပျိုးခဲ့...စိုက်ခဲ့။
ကူးလွေ့

(ဂူဂဲလ် ကပုံပါ။)

Tuesday, August 10, 2010

တောင်တောင်အီအီ

တွေ့လို့ ရေးတာလေးပါ............
ခိုတစ်အုပ်နဲ့ ထမင်းတစ်ဆုပ်..............

စင်ကာပူ တိုက်ခန်းတစ်ခုနားမှာပါ.............. ကျွန်တော် ကာစတမ်မာ ပြန်အလာကို စောင့်နေတုန်း တိုက်နားမှာ အမှိုက်ကား အမှိုက်လာသိမ်းတယ်...............
အမှတ်တမဲ့ကြည့်နေမိတယ်........... ကားထွက်သွားတော့ အမှိုက်ဂိုဒေါင်ရှေ့မှာ ထမင်းလုံးတွေ ပြန့်ကျဲကျန်ခဲ့တယ်...
စင်ကာပူမှာ ဒါမျိုးလဲ ရှိသေးတာပဲ တွေးနေတုန်း... ခိုတစ်အုပ် ပြုန်းဆိုရောက်လာရော............
ထမင်းလုံးတွေကို အလုအယက်ပေါ့.............
မြင်ရခဲတဲ့ မြင်ကွင်းလိုဖြစ်နေတော့ ကြည့်နေမိတယ်............
အဲဒီအချိန်မှာပဲ ခို တစ်ကောင် ထပ် ဆင်းလာတယ်... ကိုယ်လုံးကိုယ်ထည်က အကြီးဆုံးပဲ....
ရောက်လာတာနဲ့ ရှိသမျှခိုတွေကို ရန်ရှာတယ်...
အစာလုတယ်... စားမာန်ခုတ်တယ်ပေါ့.................
သူက ပတ်ပီး လိုက်ထိုးနေတဲ့အချိန်မှာ ကျန်တဲ့ ခိုတွေက ပြေးဟယ်လွှားဟယ်နဲ့ တစ်လုံးတွေ့ တစ်လုံးကောက်စားသွားကြတယ်...
ဗလကြီးကတော့ လိုက်ထိုးဆိတ်ရင်း ပြန်ကြည့်တဲ့အခါ ထမင်းလုံးတွေ ကုန်နေခဲ့ပီ....
အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်ရှူရင်း ထမင်းကျန်ကို ပတ်ရှာနေတယ်....
ကျန်တဲ့ခိုတွေတော့ အေးအေးလူလူ ပျံထွက်သွားတယ်......
“အလိုကြီး အရနည်း” ဆိုတဲ့စကားလေး ခေါင်းထဲ တက်လာတယ်......

ထမင်းဝိုင်း

အိမ်နဲ့ ဝေးတိုင်း အိမ်ကို တနည်းနည်းနဲ့ လွမ်းနေရတာ.........
ဒီနေ့မွေးနေ့မှာတော့ အမေချက်တဲ့ ဟင်းတွေ... အဖေချက်တဲ့ ဟင်းတွေ မထိမတွေ့ပဲ နေနေရတာ....
နောက်ဆုံးဗျာ.......... အသားဟင်းစားရင်တောင် အရိုးတွေကျန်ရင် အိမ်က ကြောင်လေး ခွေးလေးတွေကို သတိရတယ်...
ကိတ်မုန့်စားရင်လဲ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ပီး တောင်းစားတတ်တဲ့ ခွေးနက်မကြီး... (အခုတော့ မရှိတော့ပါဘူး..)
အမေ့အသံကြားရင် ပြာနေတဲ့ ကြောင်တစ်အုပ်....
သူများအိမ်ကို ပေးလိုက်ပီး အိမ်မှာ ပြန်လာနေတဲ့ တစ်ကောင်တည်းသော ခွေးနက်ကလေး မဲလုံး.....
တွေးရင်း မျက်ရည်တွေလည်လာလို့ မွေးနေ့မှာ သီချင်းလေး တစ်ပုဒ် ချရေးဖြစ်တယ်....
သီချင်းစပ်ပီးတာနဲ့ အမေ့ကို ဖုန်းဆက်တယ်... စပီကာ ဖွင့်ခိုင်းပီးတော့ သီချင်းချက်ချင်း ဆိုပြဖြစ်တယ်....
မျက်လုံးမှာ မျက်ရည်စတွေနဲ့.....
အိမ်ကို လွမ်းလိုက်တာ

Sunday, August 1, 2010

Clone Shot


စိတ်ကူးတည့်ရာ လေးတွေပါခင်ဗျား။